နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နေထူးနိုင်တစ်ယောက် သူ့ရဲ့အနုပညာအပေါ်မှာ ထားတဲ့ ကြိုးစားအားထုတ်မှုနဲ့ စေတနာတွေကို ပရိတ်သတ်တွေသိအောင် Status တင် လိုက်တာဖြစ်ပါတယ်။ သူဟာ ကော်ပီဇာတ်ကားအများစုကို ရိုက်ကူးခဲ့ပါတယ်လို့ဆိုပါတယ်။ သို့ပေမယ့် ကော်ပီဇာတ်ကားတွေကို တု ပြု စု ဆိုပြီးပြန်လည်ပြုပြင်ရတာတွေရှိပါတယ်။ အနောက်နိုင်ငံကဇာတ်ကားဟာ မြန်မာ့ယဉ်ကျေးမှှုနဲ့မတူတာကြောင့် သူတို့ဇာတ်ကား တွေကို (တု) ပြီး မြန်မာမှုပြန် (ပြု) ရတယ်လို့ဆိုပါတယ်။ ကိုယ့်ဘာသာစကားဖြစ်ဖို့လည်း စကားလုံးတွေ (စု) ရပါ တယ်။ ဒီလို တု ပြု စု တွေလုပ်ပြီးမှ သေချာရိုက်ကူးတယ်လို့ဆိုပါ တယ်။ သူ့ရဲ့ဇာတ်ကားတွေကို အားပေးတဲ့ပရိတ်သတ်တွေအတွက်ရော မကြည့်ဖူးတဲ့ ပရိတ် သတ်တွေအတွက်ပါ အကောင်းဆုံးကြိုးစားသရုပ်ေ်ဆာင်တယ်လို့ဆိုပါတယ်။

အဆိပ်အတောက်ဖြစ်စေမယ့် ဇာတ်ကားတွေကိုမရိုက်ကူးပါဘူးလို့ဆိုပါတယ်။ အကောင်းဆုံး တွေပဲ ပရိတ်သတ်တွေကိုကြိုးစားပြီးချပြတယ်လို့ ဆိုပါတယ်။ ဝေဖန်တာကတော့ လူတိုင်း ဝေဖန်နိုင်ပေမယ့် စကားကိုချင့်ချိန်ပြီးပြောဖို့လည်း ပြောထားပါသေးတယ်။ နောက်ဆုံးအနေနဲ့ ကြားသုံးကြားအပြင် အနုပညာရှင်တွေကြားကိုလည်း မဝင်ပါနဲ့လို့မှာထားပါသေးတယ်။ အနု ပညာသမားတွေဟာ (အားလုံးကိုမဆိုလို) ရှေ့တစ်မျိုး နောက်ကွယ်တစ်မျိုးလုပ်သူတွေများ ပါတယ်ဆိုပြီး ပြောထားတာဖြစ်ပါတယ်။

ဒီအကြောင်းကို သူရဲ့ Facebook မှာ " အပေါကားနဲ့ဂျင်းကာ ကျွန်တော်ကိုအွန်လိုင်းမီဒီယာ များမှာ ဒီကိစ္စအားဘာပြောချင်လဲအမြင်လေးပြောပြပါ အင်တာဗျုးချင်ပါတယ်တဲ့ ကျွန်တော် အနုပညာကြေးမေးတော့တကယ်ပေးရမှာလားတဲ့ တကယ်ပေးရမှာပေါ့လို့ပြောတော့ ဘယ် လောက်လဲတဲ့ ပေးချင်သလောက်သာပေးဆိုတော့ ဟုတ်ကဲ့အထက်လူကြီးတွေ တင်ပြလိုက် ပါမယ်ဆိုပြီး ဖုန်းချချသွားကြတယ်အခုထိပြန်မဆက်ကြဘူး ဒါပေမယ့် ကျွန်တော်သူတို့သိချင် တာလေးဖြေပေးပါမယ် ကျွန်တော်ကော်ပီဇာတ်ကားအများဆုံးရိုက်သူပါ (တုစုပြု) ဆိုတာရှိ ပါတယ် (ဥပမာ)အိန္ဒိယကားကို ကော်ပီရိုက်ရင်(တု) သူတို့ဘာသာသူတို့ နည်းပညာသူတို့ ကုန်ကျငွေသူတို့ဝင်ငွေသူတို့ပရိသတ် သူတို့ယဉ်ကျေးမှုမတူညီပါ အားလုံးကို မြန်မာမှု (ပြု) ရပါတယ် စကားလုံး(စု)ရပါတယ်ပြီးတော့ ဒီဇာတိကားကိုမကြည့်ဘူးသူတွေ (ကျွန်တော်ကို အားပေးသောပရိသတ်အချို့) အတွက် ကျွန်တော် တတ်နိုင်သလောက်ကြိုးစားရိုက်ကူးပါတယ် အထူးသဖြင့်ကလေးကြိုက်အောင်ရည်ရွယ်ရိုက်ကူးပါတယ် ဒါမှာနှစ်ရှည်ရိုက်ကူးနိုင်မှာပါ အဆိပ် တာက်ဖြစ်စေမည့်ကားမရိုက်ဖြစ်အောင် တတ်နိုင်သလောက်ကြိုးစားပါတယ်(ဂျင်း) မထည့်ပါ ကျွန်တော်ပရိသတ်သည်လဲ မြန်မာစကားနားလည် သူများပါ ဘယ်ကားကောင်း တယ်မကောင်းဘူးလဲသိပါတယ် (ဂျင်း)ထည့်တယ်လိုမတွေးကြပါ အများစုပရိသတ်ကပါ ပရိသတ်ဆိုတာ ကြိုက်ရင် ကြည့်မယ်မကြိုက်ရင်မကြည့်ဘူး(ဂျင်း) ထည့်တော့မခံတာတော့ သေချာပါသည် ပရိသတ်ကိုဂျင်းထည့်ရအောင်ပရိသတ်ကဂျင်းကောင်တွေမဟုတ်ပါ ဘယ်လို ရိုက်ရိုက်ဘယ်လောက်ကုန်ကုန်ဘယ်လောက်ကောင်းကောင်း ပရိသတ်ကလဲနှစ်မျိုး ရှိပါ သည် မကြိုက်သူနဲ့မကြည့်သူ ဘယ်လိုတွေ ရိုက်ရိုက်ကြိုက်သူရှိသလိုမကြိုက်သူရှိပါမည် ပရိသတ်ရဲ့ရွေးချယ်မှုကိုပိတ်ပင်တာဟာဘာအနုပညာပါလဲ မြို့ကားပေါကားဂျင်းကားလို့ ပြော နေသူများအားလုံးဟာလဲ အနုအညာကိုခုံမင်နှစ်ကြိုက်ကြိုးစားရုန်းကန်နေသူများပါ ဘာဖြစ် လို့အခုလိုတွေပြောနေကြလဲဆိုတာ ကိုယ်ရဲ့စိတ်တွေကို ပြန်စမ်းစစ်စေချင်ပါတယ် ပါးစပ်နဲ့ဝေ ဖန်တာပါးစပ်ပါသူတိုင်းပြောတတ်ပါတယ် ကျွန်တော်လဲပြောတတ်ကြောင်းအခုလို ရေးသား ခြင်းပါ အမြင်မတူသူကိုယ်ရန်သူလို့မသတ်မှတ်ကြပါနဲ့သိတာကို တတ်တယ်ထင်ပြီးစွတ် မပြောကြပါနဲ့ ပရိသတ်တွေကိုစိတ်အနှောင့်အယှက်မပေးကြပါနဲ့ မှတ်ချက် ပရိသတ်ကြီး ခင်ဗျာကြား(၃)ကြားအပြင် အနုပညာသည်တွေကြားလဲမဝင်ပါနဲ့ သူတို့အားလုံးဟာရှေ့တစ်မျိုး နောက်ကွယ်တစ်မျိုး လုပ်သူ တွေများပါတယ်(အားလုံးတော့မဟုတ်ပါ) NHN " ဆိုပြီးတင် ထားတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။