နာမည်ကျော်သရုပ်ေ်ဆာင်တစ်ဦးဖြစ်တဲ့ ရွှေပိုးအိမ်တစ်ယောက် သူမရဲ့မြန်မဆန်ပြီး လှပ လွန်းတဲ့ ပုံရိပ်တွေကို Facebook မှာတင်ထားတာ ဖြစ်ပါတယ်။ အောင်မြင်စပြုနေပြီဖြစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သူမကိုချစ်ခင်အားပေးတဲ့ပရိတ်သတ်တွေကလည်း မနည်းမနော ပါပဲ။ ချစ်စရာကောင်းတဲ့ သူမရဲ့ပြည့်ဖောင်းဖောင်း ခန္ဓာကိုယ်လေးက တကယ့်ကိုပဲ ထွေးပွေ့ ထားချင်စရာကောင်းလွန်းပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေက အမြဲတမ်း ပရိတ်သတ်တွေကို ဖမ်းစားနိုင်လွန်းပါတယ်။

နာမည်ကျော်အဆိုတော်တစ်ဦးရဲ့ခင်ပွန်းနဲ့ သူမကို အထင်အမြင်လွဲကာ ပြောဆိုခဲ့မှုတွေ ကြောင့် ပရိတ်သတ်တွေရဲ့ ငြိုငြင်မှုကိုလည်း ခံခဲ့ရပါသေးတယ်။ နောက်ပိုင်းမှာတော့ သူမရဲ့ ရိုးသားမှုလေးကို ပရိတ်သတ်တွေက နားလည်ပြီး အရင်ကထက်ပိုမိုချစ်ခင်ခဲ့တာမို့ အခုဆို ရင် ပရိတ်သတ်အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်လို့နေပြီဖြစ်ပါတယ်။ အမြဲတမ်း ဘုရား တရားကိုင်းရှိုင်းပြီး အလှူလေးတွေ လည်း လုပ်တတ်တဲ့ သူမရဲ့မွန်မြတ်တဲ့စိတ်ထားလေး ကတော့ တကယ်ကို အတုယူစရာကောင်းပါတယ်။

ဒီနေ့မှာတော့ သူမရဲ့ မြန်မာဆန်ဆန်နဲ့ လှပလွန်းနေတဲ့ ပုံရိပ်တွေကို " မြန်မာဝတ်စုံလေး တွေနဲ့ လိုက်လား " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက် တတ်တဲ့ မင်းသမီးလေးရွှေပိုးအိမ်ရဲ့ ကျက်သရေရှိရှိနဲ့လှပလွန်းနေတဲ့ မြန်မာဆန်တဲ့ ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Shwe Poe Eain's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။