Facebook တည်ထောင်သူ ဇူကာဘတ်ဟာ ယခု ဖြစ်ပေါ်နေတဲ့ အရှုပ်တော်ပုံ ကိစ္စနဲ့ ပကိသတ်ပြီး သုံးစွဲသူတွေကို တောင်းပန်လိုက်ပါတယ်။ Cambridge Analytica ဟာ ဒေါ်နယ်ထရမ့် အနိုင်ရခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲအပါအဝင် အခြားဖောက်သည်တွေရဲ့ ကြော်ငြာကို ပစ်မှတ်ထားဖို့ Facebook သုံးစွဲသူ သန်း ၅၀ ရဲ့ profile တွေကို အလွဲသုံးစားပြုလုပ်ခဲ့ပါတယ်။ 

ယခု ဖြစ်ရပ်နဲ့ ပက်သတ်ပြီး ရုံးတော်မှာ သက်သေထွက်ဆိုဖို့ ဆန္ဒရှိသော်လည်း သူ့အစား ဖြေကြားမယ့်သူကို စေလွှတ်နိုင်တယ်လို့ ဇူကာဘက်က ပြောကြားခဲ့ပါတယ်။ နည်းပညာဆိုင်ရာ စည်းကမ်းတကျပြုလုပ်မယ့် စိတ်ကူးကို ကန့်သတ်မထားသလို အွန်လိုင်းကြော်ငြာတွေကိုလည်း ပွင့်လင်းမြင်သာပြီး နည်းလမ်းတကျဖြစ်အောင် ပြုလုပ်လိုတယ်လို့ ပြောခဲ့ပါတယ်။ 

Cambridge Analytica အနေနဲ့ ၂၀၁၆ သမ္မတရွေးကောက်ပွဲအတွင်း ကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေကို အာဏာပိုင်တွေက စစ်ဆေးနေပါတယ်။ ကုမ္ပဏီအမှုဆောင်တွေက မဲပေးသူတွေကို တိတ်တဆိတ်ပစ်မှတ်ထားတာ၊ နိုင်ငံရေးသမားတွေကို ထောင်ချောက်ဆင်တာနဲ့ ဝါဒဖြန့်ချိတဲ့ အစီအစဉ်တွေ လုပ်ကိုင်နိုင်စွမ်းကို ကြွားဝါခဲ့အပြီးမှာ အခုလို စစ်ဆေးခံနေရတာဖြစ်ပါတယ်။ 

Source : Internet Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။