နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဖွေးဖွေးတစ်ယောက် လတ်တလောသူမရဲ့ နာမည် ကြီးဇာတ်ကားဖြစ်တဲ့ " ရွှေကြာ " ဇာတ်ကားနဲ့ လိုက်ဖက်တဲ့ အင်္ကျ ီခရမ်းရောင်လေးကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။ ရင်ဘတ်နားမှာ ကြာပန်းအပွင့်ကြီးပုံနဲ့ အလှပဆုံးချုပ်လုပ် ထားတဲ့ သူမရဲ့ ဝတ်စုံလေးက တကယ်ကိုချစ်စရာကောင်းလွန်းပါတယ် ပရိတ်သတ်ရေ။ အောင်မြင်တဲ့မင်းသမီးတစ်လက်အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နေတာ အခုဆိုရင် အချိန်အတိုင်းအတာတစ်ခုထိ ရောက်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ ယနေ့ထက်တိုင် သူမ ကိုအားပေးတဲ့ပရိတ်သတ်တွေဟာ မပြောင်းလဲပဲ ချစ်မြဲ ချစ်ဆဲအားပေးခဲ့တာပဲဖြစ်ပါတယ်။

လက်တလောမှာရုံတင်နေတဲ့ " ရွှေကြာ " ဇာတ်ကားဟာ ပရိတ်သတ်တွေရဲ့ ရင်ထဲကို ထုတ်ချင်းပေါက်ဝင်ရောက်ခံစားသွားနိုင်တဲ့ ဇာတ်ကား ကောင်းတစ်ကားပဲဖြစ်ပါတယ်။ ပြင်ပ လောကမှာရှိနေတဲ့ ဘဝပေးအခြေအနေမကောင်းခဲ့တဲ့ အမျိုးသမီးတွေကို ကာကွယ်ပေး ဖို့ တိုက်တွန်းတဲ့ ပညာပေးဇာတ်လမ်းလိုသဘောမျိုးဖြစ်တာကြောင့် လူသားခြင်းစာနာထောက် ထားတဲ့ ပုံစံတွေကို တွေ့ရပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ဖွေးစိန်က သူမရဲ့အကောင်းဆုံး Talent တစ်ခုကိုချပြနိုင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ အချစ်တွေအပြင် ဂရုဏာတွေကိုပါ သိမ်းပိုက် လိုက်နိုင်ပါတယ်။

ဒီနေ့မှာတော့ သူမရဲ့ခရမ်းရောင် ကြာပွင့်ပုံစံအင်္ကျ ီလေးကို " ရင်ထဲမှာ ပန်းတွေပွင့်နေပါ စေ...... " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ခရမ်းရောင် ဝတ်စုံလေးကို ရင်ဘတ်မှာ ကြာပန်း ပုံစံဖော်ထားပြီး အလှပဆုံးချုပ်လုပ်ထားတာဖြစ်ပါတယ်။ ဒီလိုလှပလွန်းတဲ့ အင်္ကျ ီလေးကို Chic & Chic က ဒီဇိုင်နာ ကိုငြိမ်းကိုက ချုပ်လုပ်ပေးထားတာဖြစ်ပါတယ်။ ဇာတ်ကားထဲက ရွှေကြာဆိုတဲ့ နာမည်လေးနဲ့လိုက်ဖက်အောင် ကြာပန်းလေးပုံစံ ချုပ်ထားတာဖြစ်ပြီး ဖွေးနဲ့ အရမ်းကိုလိုက်ဖက်လွန်းနေပါတယ် ပရိတ်သတ်ကြီးရေ။ လှပလွန်းတဲ့ ရွှေကြာဝတ်စုံလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ ဖွေးစိန်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo - Phwe Phwe's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။