နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်တစ်ယောက် သူမ ဖြေခဲ့တဲ့ အင်တာဗျူး တစ်ခုနဲ့ ပက်သက်ပြီး ဝေဖန်ပြောဆိုမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အလှ အပပိုင်းဆိုင်ရာနဲ့ ပက်သက်ပြီး မေးမြန်းရာမှာ သူမကစိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်း လင်းပြောဆိုဖြေကြားခဲ့တာ ကြောင့် အမျိုးသားပရိတ်သတ်တွေရဲ့ ဝေဖန်ပြောဆိုမှုကိုခံနေရ တာပဲဖြစ်ပါတယ်။ သူမဟာ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ မိန်းမငယ်လေးတစ်ဦးလည်းဖြစ်ပါ တယ်။ အမိုက်စားခန္ဓာကိုယ်အလှနဲ့ ဆွဲဆောင်မှုပို တဲ့ အလှတရားကိုပိုင်ဆိုင်ထားသူ လည်းဖြစ်ပါတယ်။

အသက်အရွယ်ငယ်ရွယ်ပေမယ့် အောင်မြင်တဲ့မော်ဒယ်တစ်ဦးအဖြစ်နဲ့ သူမက အနုပညာ လောကမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Miss Grand International 2017 ပွဲ မှာ Miss Grand Myanmar အဖြစ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လေ့ကျင့်မှုတွေအများအပြား လုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ အဆင်မပြေတဲ့ ကတောက်ကဆကိစ္စတစ်ချို့ကြောင့် သူမက ဝင်ရောက်မယှဉ်ပြိုင်တော့ပဲ မော်ဒယ်အဖြစ်နဲ့ပဲ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ တာပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကား တစ်ကားလည်းရိုက်ကူးထားပြီး ခပ်ခေေျချအမျျိုးသမီး တစ်ဦးအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

အင်တာဗျူးတစ်ခုမှာ သူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ပက်သက်ပြီး မေးမြန်းရာမှာတော့ ခန္ဓာကိုယ်လှတဲ့ သူတွေဟာ လှပကြောင်းကြွားချင်တာ သဘာဝပါပဲလို့ဆိုပါတယ်။ မိန်း ကလေးတစ်ယောက်ရဲ့ သိက္ခာတရားဟာ အဝတ်အစားနဲ့လည်းသက်ဆိုင်ပေမယ့် အဓိက ကတော့ ကိုယ်ကျင့်တရားပါလို့ သူမကဆိုပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ဘယ်လိုပဲ ဝတ်စားသည်ဖြစ်စေ အမျျိုးသားတွေ အနေနဲ့ ဆင်ခြင်ရမယ်လို့ဆိုပါတယ်။ အဝတ်အစားမပါပဲ လျှောက်သွားသည့်တိုင် အမျိုးသားတွေ အနေနဲ့ ခေါင်းရှောင်ပြီး မျက်နှာလွှဲသွားသင့် တယ်လို့ သူမရဲ့အမြင်ကိုပွင့်ပွင့်လင်းလင်း ပြောဆိုချပြသွားတာဖြစ်ပါတယ်။

ဒီလိုဖြေကြားမှုအပေါ်မှာ အမျိုးသားပရိတ်သတ်တစ်ချို့က ဝေဖန်ပြောဆိုကြတာတွေလည်း ရှိလာပါ တယ်။ ရွှေအိမ်စည်ဟာ ပွင့်လင်းပြီး ထက်မြက်တဲ့ အမျိုးသမီးငယ်လေးဖြစ်တာမို့ သူမရဲ့အမြင်ကို ရဲရဲဝင့်ဝင့်ပြောကြားသွားတာ တကယ်ကို အားကျစရာကောင်းပါတယ် ပရိတ် သတ်ကြီးရေ။ အမြဲတမ်း ညို့အားပြင်းတဲ့အလှအပတွေနဲ့ ပရိတ်သတ်တွေရဲ့အချစ်ကို သိမ်းပိုက်နိုင်သူလေး ရွှေအိမ်စည်ရဲ့ ဆွဲဆောင်မှုပြင်းတဲ့ ကောက်ကြောင်းအလှတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါ တယ်နော်။

Photo - Shwe Eainsi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။