ပရိသတ်အချစ်တော်မင်းသမီးချောလေးသက်မွန်မြင့်ကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ သရုပ်ဆောင်ရာမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ အပြင်မိသားစုရဲ့ မိခင်တာဝန်ကိုလည်း တာဝန်ကျေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့ မတ်လ ၂၃ ရက်နေ့ဟာ မြန်မာ့အနုပညာရှင်တွေရဲ့ ရင်ခုန်ရမယ့် နေ့တနေ့လည်း ဖြစ်ပါတယ်။ 

ဒီကနေ့ မြန်မာ့ရုပ်ရှင်ရဲ့ ထူးချွန်ဆု ပေးပွဲနေ့ပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော်များစွာနှင့်အတူ ချစ်ပရိသတ်တွေကလည်း ရင်ခုန်နေလိမ့်မယ်ထင်ပါတယ်။ ဒီကနေ့ရဲ့ အကယ်ဒမီဆုပေးပွဲအခမ်းနားကို မြန်မာ့အနုပညာရှင်များစွာတက်ရောက်ကြမှာဖြစ်ပြီး ပရိသတ်အချစ်တော် သက်မွန်မြင့်ကတော့ သူမအဖြူရောင် ဝတ်စုံလေးဖြင့်တက်ရောက်ရန်ပြင်ဆင်ထားကြောင်း သိရပါတယ်။ အဆိုပါဝတ်စုံကတော့ အကယ်ဒမီပွဲတွေမှာ မဝတ်ဖူးသေးတဲ့ ဖက်ရှင်လေးဖြစ်ကြောင်းလည်း ပြောပြထားပါတယ်။  

အနုပညာရှင်မောင်နှမတွေရဲ့ အလှပြိုင်ကြမယ့် ပွဲတစ်ပွဲဆိုလည်း မှားမယ်မထင်ပါဘူး။ ပရိသတ်တွေအတွက် ဒီဇိုင်းအဆန်းအပြားများစွာနှင့်အတူ မတူညီတဲ့ ပုံစံလေးတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Source - Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။