အမေရိကန်ငံသမ္မတ ဒေါ်နယ်ထရန့်ကတော့ မိမိနိုင်ငံထဲကို တင်သွင်းနေတဲ့ တရုတ်ကုန်ပစ္စည်းတွေကို အခွန်တိုးမြှင့်ကောက်ခံရေး အစီအစည်ကို လက်မှတ်ထိုးအတည်ပြုလိုက်ပြီပဲဖြစ်ပါတယ်။ ထို့အပြင် ထရန့်ကတော့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကိုလဲ ကန့်သတ်ဖို့စောင်ရွက်နေပြီး အခုလိုအခွန်တိုးမြှင့်ကန့်သတ်မယ့် ကိစ္စတွေဟာဆိုရင်လည်း စုစုပေါင်း ဒေါ်လာ ၆၀ ဘီလျံထိရှိမှာဖြစ်တယ်လို့လဲပြောကြားခဲ့ပါတယ်။ 

မြောက်ကိုရီးယားအရေးမှာ အကူအညီပေးခဲ့တဲ့ တရုတ်နိုင်ငံကိုတော့ မိတ်ဆွေနိုင်ငံအဖြစ်ရှုမြင်ပေမယ့် နှစ်နိုင်ငံ ကုန်သွယ်ရေးမှာတော့ လိုငွေတွေပြနေတဲ့အတွက် အခုလိုကိစ္စရပ်တွေပြုလုပ်ခဲ့ရတာဖြစ်ပြီး တရုတ်အစီုးရအနေနဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းနည်းပညာတွေကို ခိုးယူအသုံးပြုဖို့ အားပေးထောက်ခံနေတာကို ဖော်ထုတ်တွေ့ရှိခဲ့တာကြောင့် တရုတ်နိုင်ငံရဲ့ သွင်းကုန်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်မယ့်အစီအစဉ်တွေရေးဆွဲခဲ့တာဖြစ်တယ်လို့လဲ ထရမ့်ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှုတွေနဲ့ ရင်းနှီးမြှုုပ်နှ့မှုတွေကို ပုံစံပြောင်းလဲပေးဖို့ နှစ်ပေါင်းများစွာကြာအောင် ဆွေးနွေးခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘူးလို့လဲပြောကြားခဲ့ပါတယ်။ 

တရုတ်အစိုးရအနေနဲ့ကတော့ အမေရိကန်နိုင်ငံရဲ့ အခုလိုလုပ်ရပ်တွေဟာ ကမ္ဘာကုန်သွယ်ရေး အဖွဲ့ကြီးရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့စွပ်စွဲချက်တင်ခဲ့ပြီး အခုလို ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည်လက်တုန့်ပြန်ဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကတော့ အမေရိကန်အနေနဲ့ တရုတ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုလုပ်ငန်းစဉ်တွေဟာ စတင်အသက်ဝင်လာမယ်ဆိုရင်တော့ ကုန်သွယ်ရေးစစ်ပွဲတွေဖြစ်ပွားနိုင်တယ်လို့ ထောက်ပြခဲ့ကြတယ်လို့လဲသိရပါတယ်။ 

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။