၁။ Blood Fall , Antartica

အန္တာတိကတိုက် ရဲ့ မြောက်ဘက်စွန်းနားတွင် တည်ရှိနေသော သွေးရေတံခွန် ဟုခေါ်ကြသော

ရေကန်အကြောင်းကို အခုထိ သိပ္ပံပညာရှင်များအဖြေမထုတ်နိုင်သေးချေ။ အဆိုပါရေတံခွန်၏ထူးခြားချက်မှာ၎င်း၏ ရဲ့ အစ ရေခဲမြစ်အရည်ပျော်ရာ အရပ်မှာ သာမာန်အဖြူရောင်ရေခဲရည်များသာ ဖြစ်ပြီး လမ်းတလျှောက်လုံးတွင်လည်း ရိုးရိုး

ရေခဲပျော်ရည်အဖြစ်သာ စီးဆင်းခဲ့ရာမှ အဆိုပါ သွေးရေတံခွန်နား အရောက်တွင်မှ အနီရောင်

ပြောင်းကာ ပင်လယ်ထဲသို့စီးဝင်နေခြင်းဖြစ်သည်။

အဆိုပါသွေးရောင်ရေခဲရည်များသည် အဆိပ်အလွန်ပြင်းပြီး သံဓာတ် သိပ်သည်းမှု့ မှာအဆမတန်များပြားလွန်းလှသည် ။ ထို့အပြင် ဆာလဖာဓာတ်လည်း အဆမတန်ပါဝင်နေကြောင်းသိရ

သည်။ သိပ္ပံပညာရှင်များအနေဖြင့် အဆိုပါ သွေးရေတံခွန် ဖြစ်ပေါ်လာပုံအကြောင်းကို အခုထက်ထိ

တိကျသော အဖြေထုတ်နိုင်မှု့မရှိသေးချေ။

၂။ Magnetic Hill, Moncton, New Brunswick

ကနေဒါနိုင်ငံ နယူး ဘရွန်ဆွက်အရပ် ၊မွန်တန်မြို့နားမှာတည်ရှိတဲ့ သံလိုက်စက်ကွင်းတောင်ကုန်း

လေးဟာ ကနေဒါနိုင်ငံရဲ့

ကမ႓ာလှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့နေရာ တစ်ခုဖြစ်လာပါတယ် ။ ဘာလို့လည်းဆိုတော့ အဲဒီ တောင်ကုန်းလေးမှာ ဆွဲအားပြင်းတဲ့ သံလိုက်

စက်ကွင်းရှိနေပြီး အဲဒီသံလိုက်စက်ကွင်းဟာ တန်ချိန်များတဲ့ လော်ရီကားတွေကိုတောင် နောက် ပြန်သွားစေနိုငိပါတယ်။ ၁၉၃၀ ခုနှစ်လောက်မှာ စတင်သတိထားတွေ့ရှိခဲ့တဲ့ အဆိုပါ သံလိုက်စက်ကွင်း တောင်ကုန်းလေး အကြောင်းကိုတော့ သိပ္ပံပညာရှင်တွေ အခုထိ ဂဃနဏ မရှင်းပြ

နိုင်သေးပါဘူး။

၃။ Surtsey island , Iceland

ကမ႓ာ့မြေပုံပေါ်မှ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေ

တတ်တဲ့ အဆိုပါ မီးတောင် ကျွန်းလေးဟာ အိုက်စလန် ကျွန်းအနီးအနားမှာ တည်ရှိပါတယ် ။ အဲဒီကျွန်းလေးဟာ ၁၉၆၃ ခုနှစ်က Westman Islands

တဝိုက်က ရေအောက် မီးတောင်တွေ မပေါက်ကွဲခငအချိန်ထိ တည်ရှိမနေခဲ့ပါဘူး။ အဲဒီရေအောက် မီးတောင်တွေ ပေါက်ကွဲအပြီး ၁၉၆၇ ခုနှစ်လောက်မှာ တဖြေးဖြေးချင်း ရေပေါ်ကို ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် နောက် နှစ်အနည်းငယ် အကြာမှာတော့ ရေအောက်ထဲကို ပြန်ရောက်သွားခဲ့ပြီး နောက် ၂ နှစ်အကြာမှာတော့ ပထမ နေရာကနေ မိုင် ၆၀ လောက် အကွာမှာ တခါ ထပ် ပေါ်လာခဲ့ပါတယ်။ ၁၉၉၀ လောက်မှာလည်းတခါ ရေအောက်ထဲပြန်ရောက်သွားခဲ့ပြီး နောက်၅ နှစအကြာမှာတော့ နောက်ထပ်နေရာသစ်တခုမှာ ထပ်ပေါ်လာခဲ့ပါတယ်။ အဲဒီလို နေရာတွေ ပြောင်းပြီး ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတဲ့အတွက် ကမ႓ာ့ ရေကြောင်းပြမြေပုံတွေထဲမှာ အဆိုပါကျွန်းကို ထည့်သွင်း ရေးဆွဲထားခြင်းမပြုပါဘူး။

၄ ။ Racetrack Playa, Death Valley, California

သေမင်းတောင်ကြားလို့အမည်ရတဲ့ အမေရိကန် ကယ်လီဖိုးနီးယားက ကန္တာရငယ်တစ်ခုထဲမှာ သိပ္ပံ

ပညာရှင်တွေ အခုထိ မဖော်ထုတ်နိုင်သေးတဲ့ ပုစ္ဆာ

တစ်ပုဒ်ရှိနေပါတယ်။ အဲဒါကတော့ မည်သည့် သက်ရှိအကူအညီမှ မပါပဲ မိုင်နဲ့ချီပြီး ရွေ့လျားနေတဲ့ ကျောက်တုံးများပဲဖြစ်ပါတယ် ။

လူသူအရောက်အပေါက်နည်းတဲ့ သဲကန္တာရမှာ အဆိုပါ ကျောက်တုန်းလေးတွေဟာ သေမင်းတောင်ကြားကိုဖြတ်ပြီး ခရီးနှင်နေလေ့ရှိပါတယ်။

သူတို့ရွေ့လျားခဲ့တဲ့လမ်းကြောင်းဟာ လေပြင်းတောင် တိုက်လေ့မရှိအောင် ခြောက်သွေ့တဲ့ သဲကန္တာရမှာ စွပ်ကြောင်းအဖြစ်ရှိနေတတ်လို့ သူတို့တွေရဲ့ လာရာလမ်းကြောင်းနဲ့ ခရီးစဉ် အကွာအဝေးကို ခန့်မှန်းတွက်ချက်နိုင်ပါတယ်။

တစ်ချို့ကျောက်တုန်းတွေဟာ တစ်နှစ်ကို ၂-၃ မိုင်အထိ ရွှေ့လျားခရီးနှင်လျက်ရှိနေပါတယ်။

၅ ။ Relampago del Catatumbo, Ologa, Venezuela

တောင်အမေရိကတိုက် ၊ဗင်နီဇွဲလား နိုင်ငံမှာတည်ရှိတဲ့ Ologa အရပ်ဒေသဟာ ဆိုရင် လူနေထိုင်လို့ မသင့်တော်တဲ့နေရာဒေသအဖြစ်သတ်မှတ်ထားပါတယ် ။ ဘာလို့လည်းဆိုတေ့ာအဲဒီနေရာဟာ ကမ႓ာပေါ်မှာ မိုးကြိုး

အပစ်အများဆုံးနေရာတစ်ခုဖြစ်နေလို့ဖြစ်ပါတယ်။ တနှစ်မှာ အနည်းဆုံး ရက် ၂၀၀ လောက် မိုးကြိုးပစ် လျှပ်စီး လျပ်နေလေ့ရှိပြီး တညကို အနည်းဆုံး အကြိမ်(၂၀) လျှပ်စီးလျှပ် ၊ မိုးကြိုးပစ်လေ့ရှိနေပါတယ်။

အဓိက ဖြစ်ရတဲ့ အကြောင်းအရင်းကတော့

အဲဒီနေရာဒေသရဲ့ အနီးမှာ

ကိုလံဘီယာနိုင်ငံမှ မြစ်ဖျားခံပြီး ဗင်နီဇွဲလားနိုင်ငံ Lake Maracaibo ထဲကို စီးဝင်နေတဲ့ Catatumbo River က သိပ်သည်းမှု့၊ စိုထိုင်းမှု့များသော ရေခိုးရေငွေ့တော့ အမြဲသယ်ဆောင်လာလို့ဖြစ်ကြောင်း သိပ္ပံပညာရှင်များကကောက်ချက်ချထားပါတယ်။

၆ ။ Old Faithful, Yellowstone National Park

အမေရိကန်နိုင်ငံ Yellow Stone အမျိုးသားပန်းခြံဟာ နှစ်စဉ် ကမ႓ာလှည့်ခရီးသည်ပေါင်း ၃.၅ သန်းကျော်ကို ပန်းခြံအတွင်းလာရောက်လည်ပတ်လေ့လာ နိုင်ဖို့အတွက် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

အဲဒီပန်းခြံထဲမှာ ဘာတွေများ ထူးထူးခြားခြားရှိသလည်းဆိုတော့ ကျယ်ပြောလှတဲ့ ပန်းခြံဧရိယာထဲမှာ များပြားလှတဲ့ Geyser လို့ခေါ်တဲ့ မြေအောက် ရေပန်းတွေဟာ လျှပ်တပျက်ထွက်ပေါ်လာတာကြောင့်ဖြစ်ပါတယ် ။

ပန်းခြံတစ်လျှောက် ခန့်မှန်းခြေ နေရာ ၃၀၀ ခန့်တွင် မြေအောက်ထဲမှ ရေပူများသည် လျှပ်တပျက် မြေပြင်ပေါ်သို့ ပန်းထွက် လာလေ့ရှိသည် ။

အဆိုပါ ရေပူရေပန်းများဟာ ရုတ်တရက် နေရာတခုကနေ ရုတ်ချည်းထွက်ပေါ်လာပြီး ရုတ်တရက်ပျောက်ကွယ်သွားလေ့ရှိသည်။ အဆိုပါနေရာဒေသ၏မြေအောက်ထဲတွင် ချော်ရည်ပူများရှိသော မြေ အလွာတစ်ခုရှိနေပြီး အဆိုပါအလွှာ၏အပေါ်တွင် မြေအောက် မြစ်တစ်စင်း ဖြတ်စီးနေသောကြောင့်ဟာ သိပ္ပံပညာရှင်များက

ယျေဘူယျ ကောက်ချက်ချထားကြသည်။

ကမ္ဘာကျော်ပျောက်ဆုံးမှုများ

အမေရိကန်နိုင်ငံမှာ ၁၉၄၅ ခုနှစ်က ဖလော်ရီဒါ လေတပ်စခန်းမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ဗုံးကြဲလေယာဉ် စုစုပေါင်း အစင်း - ၂၀ ခန့် ပျောပ်ဆုံးသွားတယ်။ စုံစမ်းဖို ့လေယာဉ် - ၅ စင်း ထပ်လွတ်လိုက်တယ်။ ၅ - မိနစ်အတွင်း ထပ်ပျောက်သွားကြတယ်။ ယနေအချိန်ထိ ပေါ်မလာခဲ့ကြပေ။

၁၉၇၀ ခုနှစ်က သံမဏိတန်ချိန် - ၂ သောင်းကျော်တင်လာတဲ့ သင်္ဘောတစ်စင်း သမုဒ္ဒရာထဲမှာ ပျောက်ဆုံးခဲ့တယ်။

အီတလီနိုင်ငံ ဘိုလော့နာမြို့မှာ ရထားတစင်းဟာ လူ - ၁၃၇ ယောက်တင်ပြီး ၁၅ - မိနစ်သာ ဖြတ်သန်းသွားရတဲ့ လှိုဏ်ခေါင်းထဲဝင်သွားတာ ပျောက်ဆုံးသွားပြီး ၄၂ - နှစ်ကြာမှ ပြန်ပေါ်လာခဲ့တယ်။ ရထားပေါ်က ပါသွားသူတွေဟာ အသက်ကြီးမသွားပဲ ရထားပေါ် လိုက်ပါသွားတဲ့အချိန်ကအရွယ်ပဲ၊ သူတို့ကိုမေးတော့လည်း ဘာမှ မေးလို့မရဘူး။ သိပ္ပံပညာရှင်တွေက time wamp တဲ့ မအို၊ မနာ၊ မသေ၊ အချိန်မဲ့သော နေရာတဲ့။

၁၉၅၅ ခုနှစ်က အမေရိကန် ဖလော်ရီဒါက ခရီးသည်လေယာဉ်တစ်စင်းဟာ ပျံတက်ပြီး ပျောက်ဆုံးသွားခဲ့ကာ၊ ၁၉၉၀ခုနှစ်မှာ ဗင်နီဇွဲလား နိုင်ငံမှာ ပြန်ပေါ်လာခဲ့တယ်။ သူလည်း ၃၅ - နှစ်ကြာ ပျောက်ဆုံးသွားခဲ့တယ်။ သိပ္ပံပညာရှင်တွေက ခရီးသည်တွေရဲ့ ဒီအန်အေကို စစ်ကြည့်တော့ မအိုကြောင်း အတည်ပြု ထောက်ခံပေးခဲ့တယ်။ သူတို့ကိုမေးတော့ သူတို့ ဘာမှ မသိပါဘူးတဲ့။

ဒုတိယကမ္ဘာစစ်တုန်းက မြန်မာနိုင်ငံံ ရခိုင် ရိုးမတောကြီးထဲမှာ မဟာမိတ်တပ်ကြီး တစ်တပ်လုံး ပျောက်သွားခဲ့တယ်။ အင်္ဂလိပ်ဝန်ကြီးချုပ် ချာချီကိုယ်တိုင် ကမ္ဘာ့စစ်ရေးမှာ မကြုံဘူးသော ထူးဆန်းသည့် အကြောင်းအရာတခုဟု မှတ်ချက်ပြုပေးခဲ့တယ်။ သူတို့လည်း ခုချိန်ထိ ပေါ်မလာကြသေးဘူး။

Ref., သတင်းစုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။