လက်ရှိမြန်မာ့ရိုးရာယဉ်ကျေးမှုတွေထဲက ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့ရုပ်သေးပညာကို ပရိသတ်တွေလည်း သိကြမှာပါ။ ရိုးရာအမွေအနှစ်တွေထဲကတစ်ခုဖြစ်သလို စိတ်ဝင်စားမှုနည်းပါးနေသေးတဲ့ အနုပညာတစ်ခုဖြစ်ပါတယ်။ ယခု ပထမအကြိမ်မြောက် နိုင်ငံတကာရုပ်သေးပွဲတော်ကို ရန်ကုန်မြို့အမျိုးသား ဇာတ်ရုံမှာ ကျင်းပသွားမည့် ဖြစ်ကြောင်း သိရပါတယ်။  

မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟို ကော်မတိဥက္ကဌ ဖိုးချစ်ကလည်း " အဲ့ဒါက မြန်မာနိုင်ငံသားသဘင်ပညာရှင်များ အစည်းရုံး(ဗဟို)က ကြီးမှူးပြီး မြန်မာနိုင်ငံရုပ်စုံရုပ်သေးပညာရပ်များထိန်းသိမ်း မြှင့်တင်ရေး ကော်မတီက ကျင်းပပြုလုပ်တာပါ။ ပါဝင်ကပြမယ့်နိုင်ငံတွေကတော့ အိန္ဒိယ၊ အစ္စရေး၊ ထိုင်း၊ ပြင်သစ်၊ သြစတြေးလျား၊ ဂျပန်၊ အမေရီကန်၊ အင်ဒိုနီးရှားနဲ့ မြန်မာ စုစုပေါင်း ကိုးနိုင်ငံလာရောက်ဖျော်ဖြေမှာပဲဖြစ်ပါတယ်။ အားလုံးကို မြင်စေချင်တာရယ် ကြည့်စေချင်တာကြောင့်ပါ။ ကျွန်တော်နိုင်ငံရဲ့ အငြိမ့်သဘင်ကို စိတ်ဝင်စားချင်တယ်။  

မြန်မာ့ရုပ်သေး အဆင့်မြင့်တာနဲ့ နိုင်ငံတကာမှာ ရှိနေတဲ့ ရုပ်သေးရုပ်တွေကပြဖျော်ဖြေသွားတာတွေကို မြင်စေချင်တယ်။ ကြည့်စေချင်တယ်။ တန်းဖိုးထားစေချင်တယ်။ အဲ့ဒီရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ပွဲတော်မှာ ဈေးရောင်းပွဲတော်လည်း ပါမယ်။ မြန်မာ့ရုပ်သေးနဲ့ ပတ်သက်တဲ့ အရုပ်တွေလည်း ခင်းကျင်းပြသထားမယ်၊ အားလုံးအဆင်ပြေရင်လာစေချင်ပါတယ်" လို့ပြောပြခဲ့ပါတယ်။ အဆိုပါ ရုပ်သေးပွဲတော်ကို လာမည် ၂၅ ရက်နေ့ နံနက် ၉နာရီကနေ ည ၉ နာရီအထိ အခမဲ့ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

Source - Kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။