ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မဖြစ် ကျေးရွာအုပ်စု မလန်းကျေးရွာတွင် စွန့်ပစ်အမှိုက်သိမ်း စီမံခန့်ခွဲမှုစနစ် စတင်အကောင်အထည်ဖော်ဆောင်ရွှက်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ အစီစဉ်ကိုတော့ မတ်လ ပထမပတ်က စတင်အကောင်အထည်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ၎င်းစွန့်ပစ်အမှိုက်သိမ်း စီမံခန့်ခွဲမှုစနစ် ဆောင်ရွှက်ရာတွင် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိလူကြီးမင်းများ၊ကျေးရွှာပြည်သူများမှ ပူးပေါင်းဆောင် ရွှက်လျက်ရှိတာပဲ ဖြစ်ပါတယ်။

မတ် ၂ဝ ရက်နေ့ မနေ့ကလည်း၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဒုတိယဦးစီးမှူး ဒေါ်ဇာ ခြည်ထွန်း နှင့် ဝန်ထမ်းများ၊ ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ကျေးရွာ မြစိမ်း ရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာနေပြည်သူများ စုပေါင်း၍ မလန်းကျေးရွာသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြတယ်လို့သိရပါတယ်။ထို့အတူ မတ် ၁၉ ရက်ကလည်း ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ရွာဟောင်း ကျေးရွာတွင် ကျေးရွာစွန့်ပစ်အမှိုက်သိမ်းစီမံခန့်ခွဲမှု စနစ်အရ ကျေးရွာသန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင် ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက တာဝန်ယူ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်လျက်ရှိတဲ့ ကျေးရွှာပေါင်း( ၂၈)ရွှာရှိတာပဲ ဖြစ်ပါတယ်။ အဆိုပါကျေးရွာများအနက် လုံးခင်း ကျေးရွာအုပ်စု လယ်ပြင်ကျေးရွာ၊ နမ့်မဖြစ်ကျေးရွာအုပ်စု မလန်းကျေးရွာ နှင့် ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင် ရွာဟောင်းကျေးရွာတို့တွင် စွန့်ပစ်အမှိုက်သိမ်းစီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်လျက်ရှိကြောင်းသတင်း ရရှိပါတယ်။

သတင်းအရင်းအမြစ် - မြန်မာ့အလင်း  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။