လူမှုကွန်ယက်မှာ ဂယက်ထနေတဲ့ ငွေမှုန်ရတီရဲ့ အချစ်ရေးအင်တာဗျူး နဲ့ ပညာရေး အင်တာဗျုး

-ငွေမှုန် ဒီနှစ် ဆယ်တန်းမဖြေဖြစ်ဘူးလို့ကြားတယ်။

အဲ့ဒါပြောချင်နေတာ။ ညီမဒီနှစ်စာမေးပွဲ မဖြေဖြစ်ဘူး။ ကိုယ်တိုင်အဆင်သင့် မဖြစ်သေးတာလဲ ပါတာပေါ့နော်။ ငါအောင်လောက်မှ အခြေအနေကျမှပဲ ဖြေတော့မယ်ဆိုပြီးတော့ နောက်နှစ်မှဖြေဖို့စီစဉ်လိုက်တာပါ။ အခုလောလောဆယ်တော့ သူများတွေက စာမေးပွဲရှိတယ်ထင်ပြီး အလုပ်တွေ လက်မခံထားဘူး။ အခုကအလုပ်နည်းနည်းကျဲနေတယ်။ ဒါပေမဲ့ အနုပညာအလုပ်ကို ညီမဆက်လုပ်မှာပါ။

-စာမေးပွဲကို cancel လုပ်လိုက်တော့ စာကဆက်သင်နေတုန်းလား။

မသင်တော့ဘူး။ ညီမအခု အရမ်းအားနေတယ်။ အလုပ်ရှိရင် အလုပ်လုပ်တယ်။ ကျန်တဲ့အချိန်အိမ်မှာပဲနေတယ်။ ဓာတ်ပုံရိုက်တွေ ဘာတွေလက်ခံတယ်။ နောက်ကားရိုက်တွေချိတ်ရင်ပြန်ရိုက်မှာပါ။

-ဒီနှစ်မဖြေဖြစ်တဲ့အပေါ်မှာရော နောင်တရမိလား။

နောင်တတော့မရဘူး။ ဒါပေမဲ့တော်တော်စဉ်းစားလိုက်ရတယ်။ ကြိုပြီးစဉ်းစားခဲ့ရင် ရှေ့နှစ်မှာစာတွေ လုပ်ဖြစ်ခဲ့မှာမဟုတ်ဘူး။ အလုပ်ကိုပဲဇောက်ချလုပ်ခဲ့မှာပါ။ ဒီလိုမျိုးအားနေမှာလဲ မဟုတ်ဘူး။ အခုကရှေ့နှစ်ကြီးမှာ စာတွေတာက်လျှောက်လုပ်လာပြီးမှ မဖြေတော့ဘူးဖြတ်ချလိုက်တယ်ဆိုတော့ အလုပ်တွေလဲ စာမေးပွဲရှိတယ်ထင်ပြီးပြတ်သွားတယ်။ အရှေ့မှာလဲစာကို ပုံမှန်ပဲလုပ်သွားတယ်။ အနုပညာလဲပုံမှန်ပဲ။ သင်ခန်းစာတွေက မပြတ်သေးတာတော့မဟုတ်ဘူး။ ပိုပြီးစာပိုကျေပြီး လွယ်လွယ်ကူကူအောင်ချင်တာပေါ့နော်။ တစ်နှစ်စာကို နှစ်နှစ်စာကြိုးစားလိုက်တဲ့အခါကျတော့ ပိုကျေသွားတာပေါ့လေ။ ဘယ်လိုပဲမေးခွန်းလှည့်လှည့် အဆင်ပြေမယ်ထင်လို့ညီမကနောက်နှစ်မှဖြေဖို့လုပ်လိုက်တာပါ။

-အန်တီကရောဘာပြောသေးလဲ။

လက်ခံတယ်။ အဲ့ဒီကိစ္စကိုညီမစဉ်းစားပြီး ရွှေမှုန်နဲ့စကားပြောကြည့်တယ်။ သူကလဲကောင်းပြီဆိုပြီ နောက်နှစ်မှဖြေခိုင်းတယ်။ ဘာလို့လဲဆိုတော့ ညီမဒီနှစ်ကလဲ ခရီးတွေတောက်လျှောက်ထွက်တယ်။ စာမေးပွဲနီးမှ ခရီးတွေသွားဖြစ်တယ်ဆိုတော့ သိပ်အဆင်မပြေဘူး။ မိသားစုတွေနဲ့ရော ဆရာမတွေနဲ့ရောတိုင်ပင်ပြီးမှနောက်နှစ်ကိုဖြေဖို့ရွှေ့လိုက်တာပါ။

-နောက်နှစ်ကရောဖြေဖြစ်မှာကျိန်းသေးလား။

သေချာတယ်။ ဘာလို့လဲဆိုတော့ နောက်တစ်နှစ်ထပ်ရွှေ့ရင် ၁၁ တန်းဖြစ်သွားပြီဆိုတော့ အခု ၁၀ တန်းတောင်လည်နေတာ ၁၁ တန်းဆိုရူးသွားမှာစိုးလို့နောက်နှစ်တော့ သေချာဖြေဖြစ်မှာပါ။

-ငယ်ငယ်ကရော ပညာရေးနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်ချင်တာမျိုးရှိခဲ့လား။

ဒီဇိုင်နာဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ဆရာမဖြစ်ချင်ခဲ့တယ်။ ငယ်ငယ်တုန်းကဆို သူငယ်ချင်းတွေကို စာသင်တယ်။ စာမရရင်ရိုက်တယ်။ ဆော့ရင်လဲ ဆရာမလုပ်တိုင်းပဲဆော့တယ်။ အဲ့ဒီလိုမဆော့ရင် အရုပ်မနဲ့ဆော့တယ်။ အိမ်ကလိုက်ကာတွေကို လိုက်ညှပ်ပြီး အကျီင်္တွေချုပ်တယ်။ နံရံတွေမှာဆိုလဲ စာတွေလိုက်ရေးတယ်။ အခုစဉ်းစားကြည့်တာပေါ့။ ညီမနောက်နှစ်ကို ဆယ်တန်းအောင်ချင်တယ်။ အောင်ရင်တော့ကောင်းတာပေါ့လေ။ မအောင်တော့လဲကံပေါ့။ အောင်သွားရင် ညီမနိုင်ငံခြားမှာ ဒီဇိုင်းနာသင်တန်းသွားတက်ချင်တယ်။ ဘွဲ့လေးတစ်ခုလဲယူချင်တယ်။ အောင်သွားရင်ပေါ့လေ။

-အခုလတ်တလော ဖေ့စ်ဘွတ်လူမှုကွန်ယက်ပေါ်မှာ Kelvin Kate ကောင်မလေးက ငွေမှုန်ရတီဆိုပြီးပြောလာကြတယ်နော်။

အချစ်ရေးကအေးအေးဆေးဆေးပါပဲ။ အဲ့ဒါတွေကအမှန်တော့ အထင်လွဲနေကြတာပါ။ အမှန်တော့ ညီမနဲ့ကို Kelvin Kate က တော်တော်ခင်တဲ့ သူငယ်ချင်းတွေပါ။ တော်တော်လေးကိုခင်ပါတယ်။ ခင်လာတာကလဲ တော်တော်ကြာပြီ။ သူဗီဒီယိုတွေ မရိုက်ခင်ကတည်းက ခင်လာကြတာပါ။ သူငယ်ချင်းဆိုတာထက် ညီအစ်ကိုမောင်နှမတွေကိုတောင်ဖြစ်နေပါပြီ။ သူတို့ပြောကြတဲ့ ကွန်မန့်က ဟာ ကိုကိုရာ မဟုတ်ပါဘူးဆိုတာ အမှန်က သူ့စော်နဲ့ပြသနာတက်အောင် ညီမက သပ်သပ်လုပ်လိုက်တာ တစ်ခုပါပဲ။ သူများတွေကလာမေးကြတယ်။ ကဲတွဲနေတာလားတဲ့။ ဟာကြေကွဲပါပြီဗျာလို့တော်တော်ရင်းနှီးတာပါ။ သူကလဲတော်တော်ခင်တယ်။ တော်တာ်လဲချစ်တယ်။ ညီမလေးတစ်ယောက်လိုပေါ့။ သူများတွေ လျှောက် troll ကြတာပါ။ အမှန်တကယ် အထင်လွဲနေကြတာပါ။ သူလဲညီမဆီဖုန်းဆက်တယ်။ ဟဲ့နင်ဘယ်လိုလုပ်မှာလဲ အဲ့ကွန်မန့်တွေပြန်ဖျက်ပေးဆိုပြီး အမြဲလှမ်းလှမ်းပွားတယ်။ မုန့်ပို့တယ်ဆိုပြီး ဓာတ်ပုံရိုက်တင်တာက မုန့်ကတော့ တကယ်လာပို့တာပါ။ စာကသူ့စော်နဲ့ပြသနာတက်အောင် ညီမက ညီမဟာညီမရေးပြီးတင်လိုက်တာပါ။ Kal Kal + Kate ဆိုပြီး ဒါပေမဲ့အားလုံးအထင်လွဲနေတာပါ။ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ ဒါပေမဲ့ Valentine ‘s day မှာ ချောကလက်လေးတော့ ရချင်မိတာပေါ့။ တစ်ခါမှမရဖူးဘူး။ ဒီနှစ်စဉ်းစားလိုက်တာက ညီမရဲ့ fan တွေကို ချောကလက်ပေးမယ်။ အမေ့ကိုချောကလက်ကျွေးမယ်။ အစ်မကိုချောကလက်ကျွေးမယ်လို့စဉ်းစားထားပါတယ်။

-ကွန်မန့်လေးတွေပေးထားတာကရော ဘယ်လိုကြောင့်လဲ။

သူ့ကိုအမြင်ကပ်တာကြောင့်ရယ်၊ နောက်ပြီးတော်တော်လေးလဲခင်လို့အဲ့ဒီလိုပေးတာပါ။ ဒါပေမဲ့ ကွန်မန့်ပေးတာနဲ့ချစ်သူလားပေါ့။ အဲ့ဒီလိုမေးကြည့်ချင်တယ်။ သူများတွေကတော့ တွဲနေတယ်လို့ထင်တာပေါ့လေ။ ဖေ့စ်ဘွတ်မှာတက်ပြီး ကို Kelvin Kate နဲ့ညီမနဲ့ကတွဲနေတာ မဟုတ်ပါဘူးလို့တင်လိုက်ရင်ပိုရှုပ်သွားမယ်လေ။ ရှင်းရင်ပိုရှုပ်မှာစိုးလို့သူတို့ဟာသူတို့ရေးချင်တာရေး တစ်လလောက်နေရင်ပျောက်သွားမှာဆိုတော့ ဒီအတိုင်းပဲနေလိုက်တာပါ။ ညီမကအေးဆေးပဲ။ သူတို့အဲ့ဒီပို့စ်ကိုပဲ အခေါက် တစ်ရာလောက် share နေကြတယ်။ သူငယ်ချင်းတွေကလဲ လာမေးကြတယ်။ နင်တကယ်တွဲနေတာလားတဲ့။ ငါ့ကို ငရဲကြီးအောင်မလုပ်ကြပါနဲ့။ ငါ့အစ်ကိုပါလို့သူတို့ကိုပြောထားရတယ်။

-သူတို့ကရော ဘယ်လိုကဘယ်လိုစသိတာလဲ။

ဖေစ့်ဘွတ်မှာပဲစသိတာပါ။ ညီမကအပြင်လဲသိပ်မထွက်ဖြစ်တာ့ သူနဲ့လဲမတွေ့ဖြစ်ဘူး။ ဘယ်သူနဲ့မှလဲမတွေ့ဖြစ်ဘူး။ fan တွေနဲ့တောင်မှ တစ်ခါတစ်လေမှာတွေ့ဖြစ်တာ။ ဖေ့စ်ဘွတ်မှာပဲ friend ဖြစ်တယ်။ ခင်တယ်။ ဖုန်းပြောတယ်။ အဲ့ဒီလိုမျိုးနဲ့ခင်လာတာ တော်တော်လေးကြာလာပါပြီ။

-ဒီလိုမျိုးတွဲနေကြတယ်ဆိုတဲ့ သတင်းထွက်လာတော့ရော ဘယ်လိုခံစားရလဲ။

ရယ်ချင်တာပေါ့နော်။ သြော်ငါ့အစ်ကို့ကို ငါနဲ့ဆိုတော့ တချို့ကတော့ မဟုတ်ဘူးလို့ပြောကြတယ်။ ဒါပေမဲ့ ဟုတ်တယ်ကများပါတယ်။

-အခုအချစ်ရေးက Single လား။

အင်း Single ပေါ့။ Single ဖြစ်နေတာ ရည်းစား မထားတာ သုံးလလောက်ရှိပြီ။ ဘာလို့မထားတာလဲဆိုတော့ ဖုန်းကို မကိုင်ဖြစ်တော့တာ Gym သွားရင် ဖုန်းက Gym မှာကျန်ခဲ့တယ်။ နောက်နေ့မှသွားပြန်ယူရင်ယူတယ်။ ညီမက Laptop တစ်လုံးနဲ့တီဗီကြည့်ရင်ကြည့်တယ်။ ဖေစ့်ဘွတ်သုံးရင်သုံးတယ်။ ခွေးတွေနဲ့ဆော့တယ်။ အိမ်ကကောင်မလေးနှစ်ယောက်နဲ့ ဟီလာထရင်ထတယ်။ အလုပ်ရှိရင်အလုပ်လုပ်တယ်။

-ငွေမှုန် ဒီနှစ်ဆယ်တန်းမဖြေဖြစ်ဘူးဆိုတာကို သိတာနဲ့ ပရိသတ်တွေစိတ်မကောင်းဖြစ်ကြမယ်ဆိုတော့ ဒီအပေါ်မှာ သူတို့ကိုဘယ်လိုပြန်ပြောချင်လဲ။

စိတ်မကောင်းဖြစ်ရင်တော့ ကောင်းတာပေါ့နော်။ ဘာလို့လဲဆိုတော့ တချို့လူတွေက အလကားပါဆိုတဲ့ လူတွေလဲရှိတော့လေ။ စိတ်မကောင်းဖြစ်ရင်တော့ တအားကောင်းမှာပဲလို့ဘာလို့လဲဆိုတော့ သူတို့စိတ်မကောင်းဖြစ်တဲ့အခါ နောက်နှစ်ကျရင် ပိုပြီးကြိုးစားလို့ရတယ်လေ။ ငွေမှုန်ကြိုးစားထားလို့တစ်ခွန်းလောက်လေးလာပြောရင်တောင် ညီမအားရတယ်။ နေမကောင်းတဲ့အချိန်တို့ဘာတို့ဆို ငွေမှုန်လေးအားတင်းထားလို့လာပြောလိုက်တာနဲ့လူကအလိုလိုပျော်သွားတယ်။ သူတို့ကိုပြောချင်တာကတော့ စိတ်မပူပါနဲ့လို့။ နောက်နှစ်တော့အောင်အောင်ကြိုးစားပါ့မယ်လို့အောင်သွားရင်တော့ကောင်းတာပေါ့လေ။ ညီမဂုဏ်ထူးမမှန်းရဲဘူး။

-ဒီနှစ်စာမေးပွဲမဖြေဖြစ်ဘူးဆိုတာကို သိရင်ဝေဖန်ပြောဆိုကြမဲ့ သူတွေလဲသပ်သပ်ရှိတော့သူတို့ကိုရောဘာပြောချင်လဲ။

ဝေဖန်ပါ။ ဝေဖန်တယ်ဆိုတာ ကောင်းစေချင်လို့ဝေဖန်တာလေ။ သူတို့ကောင်းမယ်ထင်လို့ဝေဖန်တာ ဝေဖန်ပါလို့ အဲ့ဒီအတွက်လဲအားတင်းထားပါတယ်။

-အားပေးနေတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။

ညီမအနုပညာလှုပ်ရှားမှုလေးတွေဆက်တိုက်လုပ်သွားပါမယ်။ ညီမအခုဖေ့စ်ဘွတ်ပေါ်မှာသတင်းတွေထွက်နေတာလေးတွေမဟုတ်တာလေးတွေကို ညီမဖြေရှင်းလိုက်ပါပြီ။ ယုံတဲ့သူကယုံပါလိမ့်မယ်။ မယုံတဲ့သူကတော့ မယုံဘူးပေါ့။ ညီမ hater gonna hate ပဲပေါ့။ ဘာမှတော့ပြောစရာမရှိပါဘူး။ ညီမနောက်နှစ်ကိုဆယ်တန်းအောင်အောင်ကြိုးစားပါ့မယ်လို့ပြောချင်ပါတယ်။

Credit-Trend

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။