မန်ယူအသင်းမှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့ နောက်တန်းကစားသမား ဒါမီယန်ကို ခေါ်ယူရန် အာဆင်နယ်အသင်းက စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။ဒါမီယန်ဟာ နည်းပြမော်ရင်ဟိုလက်ထက်မှာ ကစားခွင့်ပျောက်ဆုံးနေတာလည်းဖြစ်ပါတယ်။ဒါကြောင့် ဒါမီယန်ဟာ အသင်းမှာ မပျော်ရွင်တော့တာကြောင့် နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဘယ်လာရင်အတွက် ပြောင်းရွှေ့ကြေးသတ်မှတ်ထားတာကြောင့် ဘယ်လာရင်နေရာမှာ အစားထိုးဖို့ နောက်တန်းကစားသမားတစ်ဦးရှာဖွေနေတာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် မန်ယူအသင်းရဲ့ နောက်တန်းကစားသမား ဒါမီယန်ကို ခေါ်ယူဖို့ မျက်စိကျလာခဲ့တာလည်းဖြစ်ပါတယ်။ဒါမီယန်ကို ခေါ်ယူဖို့ ဂျူဗင်တပ်အသင်းကလည်း စိတ်ဝင်စားနေတာကြောင့် အာဆင်နယ်အသင်းဟာ အပြိုင်ခေါ်ယူသွားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။

ဒါမီယန်ဟာ မန်ယူအသင်းကို ၂၀၁၅ ခုနှစ်က တိုရီနိုအသင်းကနေ ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းနဲ့အတူ ဆုဖလားများရယူထားနိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒါမီယန်ဟာ ပွဲထွက်ခွင့်ဆုံးရှုံးမှုကြောင့် အီတလီ လက်ရွေးစင်အသင်းမှာ ထိခိုက်မှုတွေရှိလာနိုင်တာကြောင့် အသင်းပြောင်းရွှေ့ကစားဖို့ အလိုရှိနေတာဖြစ်ပါတယ်။ 

source - mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။