စိုင်းစိုင်းတစ်ယောက်ကတော့ နှစ်တိုင်းဆိုသလို အကယ်ဒမီပွဲတက်ပြီး ရရှိတဲ့ အနုပညာ ရှင် များကို ဂုဏ်ပြုကာ တက်ရောက်လေ့ရှိပါတယ် ။

အခုချိန်မှာတော့ အနုပညာရှင်အားလုံးလိုလိုက အကယ်ဒမီပွဲတက်ဖို့ အဆင်သင့်ဖြစ်နေ ပေမယ့်လည်း ကွီးစိုင်းတစ်ယောက်ကတော့ အခုမှ ဝတ်မယ့်တိုက်ပုံရွေးနေတုန်းပါ ပရိသတ်ကြီးရေ ။

“ ဘာဝတ်ရမလဲ အဖြူနဲ့အနက် ၂ထည်ပဲရှိပါတယ်…အဖြူကလည်းနည်းနည်းဟောင်းနေပြီ..

ဘာမှမဖြစ်ဘူး စိုင်းစိုင်းကစိုင်းစိုင်း” ပဲလို့ စစနောက်နောက်လေးဆိုထားကာ သူရဲ့အရင် နှစ်က ပွဲတက်ခဲ့တဲ့ပုံကလေးများကို စုစည်းကာပရိသတ်အတွက် မျှဝေထားတာပါ ။

နာမည်ကြီးအဆိုတော်တစ်ယောက်လည်း ဖြစ်ပြန် သရုပ်ဆောင်ပိုင်းမှာလည်း အရည်အချင်း ရှိတဲ့ မင်းသားတစ်ယောက်လည်း ဖြစ်နေပြန်တော့ သူအတွက် ဘာလုပ်လုပ် ပရိသတ် ကြားမှာ ရေပန်းစားကာ နာမည်ကြီးနေဆဲပါ ။

သူရဲ့ပရိသတ်တွေအတွက် ဒီလိုကြီးကျယ်တဲ့ပွဲကြီးတက်ရောက်ဖို့တောင် ကြိုတင်မစီစဉ်ပဲ အလုပ်တွေများနေခဲ့တဲ့ သူ့ကို ဝိုင်းဝန်းစနောက်ကာ အကြံတွေပေးလို့နေပါတယ် ။

ဘယ်လိုပဲဖြစ်နေပါစေ သူပြောထားသလို “ စိုင်းစိုင်းက စိုင်းစိုင်း” ဆိုတဲ့အတိုင်း ပရိသတ်တွေ က လက်ခံပြီးသားမို့ သူ့အတွက်တော့ ဒီအရာတွေက အရေးမကြီးလှပါဘူးနော် ။

Source – Sai Sai Kham Leng FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။