ယနေ့ညနေကတော့ အနုပညာရှင်တွေသာမက ပရိသတ်တွေပါ စိတ်လှုပ်ရှားရင်ခုန်ရမယ့် ညတစ်ညပါပဲ။

အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး ဇကာတင်ခန့်မှန်းထားတဲ့ စာရင်းတွေလည်းထွက်ပေါ်နေပြီမို့ အဲ့ဒီထဲမှာ ပရိသတ်အချစ်တော်မင်းသား မြင့်မြတ်လည်း ပါဝင်နေပါတယ်။

မနှစ်ကထဲက အကယ်ဒမီဆုနဲ့ လွဲချော်နေခဲ့တဲ့ သရုပ်ဆောင်မင်းသားမြင့်မြတ်ကတော့ ယခုနှစ်မှာတော့ ပရိသတ်တွေပေးတဲ့ ရင်ထဲက အကယ်ဒမီဆုကို ရရှိထားပါတယ်။

ရင်သွေးလေးရတော့မယ့် ကို ဂျင်းကောင် အတွက် ဒီညက ကံကောင်းပြီး အကယ်ဒမီရွှေစင်ရုပ်ထုကို ပိုင်ဆိုင်ရမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

ဒါပေမယ့် မြင့်မြတ် ဟာ လက်တလောပရိသတ်တွေကြားမှာ အကယ်ဒမီအရစေချင်ဆုံးမင်းသားအဖြစ် သတ်မှတ်ခံထားရသလို သူသာတကယ်ရခဲ့မယ်ဆိုရင်တော့ ခန့်မှန်းထားတဲ့ ပရိသတ်တွေလည်း အတိုင်းမသိပျော်ရွှင်ကြမှာပါ။ 

ဗိုလ်အောင်ဒင်ဇာတ်ကားနဲ့ ပရိသတ်အားပေးမှုပိုရလာတဲ့မြင့်မြတ် ဟာ သဘာဝကျတဲ့ ဘဝသရုပ်ဖော်ဇာတ်ရုပ်တွေမှာ ပိုပြီးပီပြင်တာမို့ သဘာဝမင်းသားလို့ တင်စားခံထားရပါတယ်။

တောကျီးကန်း၊ ခိုးဆိုးလုနှိုက် ၊ ကျွန် အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ဇာတ်ရုပ်ပီပီပြင် သရုပ်ဆောင်ခဲ့တဲ့ မြင့်မြတ်အတွက် အကယ်ဒမီဆု ရဖို့ ဆုတောင်းပေးလိုက်ပါဦးနော်။

Source : Myint Myat fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။