တစ်နေ့ထက်တစ်နေ့ ပရိသတ်အားပေးမှုတွေရရှိပိုင်ဆိုင်လာတဲ့ ဇေရဲထက်ကတော့ အရင်နဲ့မတူ ပိုမိုထူးခြားတဲ့ အနုပညာတွေတင်ဆက်နိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ ဇေရဲထက်ကတော့ သူသရုပ်ဆောင်ရတဲ့ ဇာတ်ရုပ် တိုင်းကို ပီပီပြင်ပြင် ခံစားသရုပ်ဆောင်လေ့ရှိတာကြောင့် ပရိသတ်တွေ အမြဲချီးကျူးအားပေးနေရတာပဲ ဖြစ်ပါ တယ်။ဒီတစ်ခေါက်မှာတော့ ချစ်စရာကောင်းတဲ့ ပလောင်မင်းသားလေးအဖြစ်နဲ့ ဇေရဲထက်ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ မင်းသားချောဇေရဲထက်ကတော့ မြန်မာ့ယဉ်ကျေးမှုအနုပညာတွေကို နှစ်သက် သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မနေ့သူ့ရဲ့လူမှုကွန်ယက်မှာလည်း ကျနော်က မြန်မာဆိုတော့မြန်မာရိုးရာ အမွေ အနှစ်တွေ မြန်မာ့ယဉ်ကျေးမှု့ကိုချစ်တာပေါ့ဆိုတဲ့ စာလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေမျှဝေခဲ့တာ ပဲဖြစ်ပါတယ်။ဇေရဲထက်ကတော့ ပလောင်တိုင်းရင်းသားတို့ရဲ့ ဝတ်စားဆင်ယင်မှု ရိုးရာယဉ်ကျေးမှုတွေကို သွား ရောက်လေ့လာခဲ့တာပဲဖြစ်ပါတယ်။ 

ပုံရိပ်လေးတွေထဲမှာတော့ ပလောင်တိုင်းရင်းသားလို ဝတ်ဆင်လေ့ရှိတဲ့ ရိုးရာသံကွင်းလေးတွေကို သူရဲ့ လည်ပင်းမှာ ဆင်မြန်းပြီး ဓာတ်ပုံရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ပလောင်တိုင်းရင်းသားလေးနဲ့ တူလို့ ပရိသတ် တွေကတော့ အရမ်းကိုအချစ်ပိုနေကြပါတယ်။ပရိသတ်တွေ အတွက်အချစ်ပိုသွားစေမယ့် ပလောင်တိုင်ရင်းသား လေးအဖြစ်မြင်တွေ့ရတဲ့ ဇေရဲထက်ရဲ့ပုံရိပ်လေးကိုလည်း မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ဇေရဲထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။