ဘရာဇီလ်းနည်းပြ တီတေးဟာ နေမာဟာ အရေးပါတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူဟာ အစားထိုးလို့မရတဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ဖွင့်ဟပြောခဲ့တာလည်းဖြစ်ပါတယ်။ဘရာဇီလ်းအသင်းဟာ နိုင်ငံတကာခြေစွမ်းပွဲအဖြစ် ရုရှားအသင်းနဲ့ ခြေစမ်းပွဲကစားသွားရမှာလည်းဖြစ်ပါတယ်။အဲ့ပွဲမှာတော့ နေမာ ဟာ ဒဏ်ရာပြသာနာကြောင့် ခြေစမ်းပွဲကို လွဲချော်သွားမှာလည်းဖြစ်ပါတယ်။

နေမာဟာ မာဆေလ်းအသင်းနဲ့ ပွဲစဉ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပွဲစဉ်အချို့ကို လွဲချော်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒါပေမယ့် ကမ္ဘာ့ဖလားပွဲစဉ်မတိုင်မီမှာတော့ ဒဏ်ရာကနေပြန်လည်သက်သာလာမယ်လို့ ခန့်မှန်းထားတာလည်းဖြစ်ပါတယ်။လက်ရှိမှာ နည်းပြ တီတေးဟာ နေမာရဲ့နေရာမှာ ကစားဖို့ ဂျူဗင်တပ်အသင်းရဲ့ ကစားသမား ဒေါက်ဂလက်ကော်စတာကို ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။

ဘရားဇီလ်းနည်းပြ တီတေးက " နေမာဟာ အသင်းအတွက်အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အစားထိုးလို့ မရနိုင်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။သူ့နေရာမှာ ဒေါက်ဂလက်ကော်စတာနဲ့ အစားထိုးလို့မရနိုင်ပါဘူး။ဒေါက်ဂလက်ကော်စတာဟာ သူ့ရဲ့ ပုံစံအတိုင်းပဲကစားသွားဖို့လိုအပ်ပါတယ်။အသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေဟာ တကယ်ကို ကောင်းမွန်ပါတယ်။ကစားသမားတိုင်းကို အခွင့်အရေးတွေပေးသွားမှာဖြစ်ပြီး သူတို့ဘာလုပ်ပြနိုင်မလဲဆိုတာကို သက်သေပြဖို့လိုအပ်ပါတယ်" လို့ ဖွင့်ဟခဲ့တာလည်းဖြစ်ပါတယ်။ 

source - daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။