ပရိသတ်အချစ်တော် အနုပညာရှင်တွေထဲကတစ်ဦးဖြစ်တဲ့ မင်းသမီး ချောရတနာကို အားလုံးသိမယ်ထင်ပါတယ်။ ချောရတနာကတော့ လက်ရှိ ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ သူလည်းဖြစ်ပါတယ်။ ဒီကနေ့ မြန်မာ့အနုပညာရှင်များစွာတက်ရောက်ကြတဲ့ အကယ်ဒမီဆုပေးပွဲကို ပရိသတ်အချစ်တော်နာမည်ကြီး မင်းသား မင်းသမီးတိုင်း သွားရောက်ကြတာသိရပါတယ်။ 

အဆိုပါပွဲကို တက်ရောက်သူအနုပညာရှင်များပြားသလို မတက်ရောက်သူများလည်းရှိနေကြောင်း သိရပါတယ်။ အဆိုပါ မတက်ရောက်သူတွေထဲမှ ပရိသတ်အချစ်တော် ချောရတနာလည်း ပါဝင်ကြောင်း သိရပါတယ်။ ချောရတနာကတော့ အကယ်ဒမီပေးပွဲကို မြတ်နိုးပေမယ့် ကိုယ်မွေးထားတဲ့ သားသမီးလောက် ဆွဲဆောင်မှုမရှိတော့ကြောင်း ကိုပြောပြထားတာတွေ့ရပါတယ်။ ချောရတနာရဲ့ စာသားလေးကတော့ "ကိုယ်မြတ်နိုးတဲ့ပွဲလေး တောင် ကိုယ့်သားသမီး လောက်မဆွဲဆောင်နိုင်တော့ပါလား ဒီနှစ်အိမ်ကနေအားပေးနေတယ်နော် ချစ်သော အနုပညာရှင်များ ရှင့်" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ 

ချောရတနာကတော့ အရင်က အကယ်ဒမီဆုကို ရရှိဖူးသူတစ်ယောက်ဖြစ်ပြီး လက်ရှိအနုပညာအလုပ်တွေကို ရပ်နားထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ပရိသတ်အချစ်တော် ချောရတနာရဲ့ ဓာတ်ပုံလေးတွေနဲ့ အတူမျှဝေပေးလိုက်ပါတယ်။

Source - Chaw Yadana

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။