စံရတီကတော့ ဒီနေ့ရဲ့အကယ်ဒမီပေးပွဲညမှာ အလင်းလက်ဆုံးတောက်ပဖို့အတွက် လှပတဲ့ဝတ်စုံလေးကို ကြိုးစားပြင်ဆင်ထားပါတယ် ။

ဒီဝတ်စုံလေးကတော့ ပုဂံက သဲပန်းချီတွေနဲ့ ရောစပ်ကာ ဖန်တီးချုပ်လုပ်ထားတဲ့ ခမ်းနား လှပတဲ့ဝတ်စုံလေးပဲ ဖြစ်ပါတယ် ။

သူမကတော့ ဒီဝတ်စုံလေးကိုဝတ်ရတာသိပ်ကိုပျော်ရွှင်နေပြီး နှစ်စုံမရှိတဲ့ တစ်ခုတည်း သော ဝတ်စုံလေး လို့လည်းမြတ်နိုးစွာရေးသားထားပါသေးတယ် ။

ဒီပုံကလေးတွေကတော့ ဝတ်စုံလေးကိုအစမ်းဝတ်ကြည့်တဲ့နေ့ကဖြစ်ပြီး ဒီနေ့အကယ် ဒမီပေးပွဲကို တက်ရောက်တဲ့ပုံကလေးတွေကိုတော့ မမြင်ရသေးပါဘူး ပရိသတ်ကြီးရေ ။

ခမ်းနားကာလှပလွန်းတဲ့ဒီဝတ်စုံလေးက သူမအလှတွေကို ပေါ်လွင်အောင်ပံ့ပိုးနေသလို သူမကလည်း အတောက်ပဆုံးအပြုံးတွေနဲ့ အကယ်ဒမီဆုရှင်တွေကို ဂုဏ်ပြုပေးဖို့ တက်ရောက်လာပြီပဲ ဖြစ်ပါတယ် ။

သူမလိုပဲ နောက်ထပ်လှသွေးကြွယ်နေတဲ့ အနုပညာရှင်တွေရဲ့အကယ်ဒမီပွဲတက် ဖက်ရှင်တွေကို တင်ဆက်ပေးအုံးမှာမို့ စောင့်ကြည့်ပါအုံးနော် ပရိသတ်ကြီး ။

Source – San Yati Moe Myint FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။