မြန်မာ့ရုပ်ရှင်လောကမှာ နာမည်ကြီးဇာတ်ပို့ဇာတ်တစ်ယောက်အဖြစ်နဲ့ ပရိသတ်ချစ်ခင်အားပေးနေတဲ့ မင်းသား ကေညီပဲဖြစ်ပါတယ်။ပရိသတ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ကေညီကလည်း ပရိသတ်တွေအားလုံး ရော ပရိသတ်တွေရင်ခုန်စိတ်လှုပ်ရှားနေရတဲ့ ၂၀၁၇ခုနှစ်အကယ်ဒမီပေးပွဲကြီးကိုတက်ရောက်မှာပဲ ဖြစ်ပါတယ်။ 

ဒီနှစ်အကယ်ဒမီပေးပွဲကြီးကိုတော့ ဝါဝါ၀င်းဝင်းရွှေအဆင်းနဲ့ ပွဲတက်ဝတ်စုံလေးဝတ်ဆင်ပြီးတက်ရောက်မှာပဲ ဖြစ်ပါတယ်။ကေညီရဲ့ ရွှေဝါရောင်ပွဲတက်ဝတ်စုံလေးဖြစ်တဲ့ တိုက်ပုံနဲ့ပုဆိုးလေးကိုတော့ တော်ဝန်လွန်းပိုးထည် တိုက် စပွန်ဆာပေးထားတာပဲ ဖြစ်ပါတယ်။ ပွဲတက်ဖိနပ်ကိုတော့ ဆင်ကိုးကောင်မန္တလေးမှ စပွန်ဆာပေးထား တာဖြစ်ပြီး သူရဲ့အလန်းစားပွဲတက်ဝတ်စုံလေးအတွက် စပွန်ဆာပေးကြတဲ့ သူတွေကိုကျေးဇူးတင်ကြောင်း လူမှု ကွန်ယက်ကနေ ကျေးဇူးတင်စကားလေး ဆိုထားတာပဲ ဖြစ်ပါတယ်။

ကေညီရဲ့ ဒီဇိုင်းကာလာဘာညာအနေအထားကတော့ လုံးဝဖိုင်းနေတာကြောင့် ပရိသတ်တွေ သဘောကျ နေကြတာပဲ ဖြစ်တယ်။အမြန်ဆုံး အကယ်ဒမီရွှေစင်ရုပ်ထုတ်ကြီးကိုလည်း ပိုင်ဆိုင်နိုင်ပါစေလို့ ချစ်ပရိသတ်တွေ ကဆုတောင်းပေးနေကြပါသေးတယ်။ အနုပညာရှင်တို့ရဲ့ ရွှေရောင်လွှမ်းမယ့်နေ့မှာ ရွှေအဆင်းနဲ့ပွဲတက်မယ့် သရုပ်ဆောင်ကေညီရဲ့ အလန်းစားပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ကေညီ 

Photo - Hsu 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။