ဖေ့ဘွတ်မှာရော အပြင်လောက မှာ ပွက်လောရိုက်သွားတဲ့ ဘုရားဓမ္မာရုံက လော်စပီကာ ကြိုးကို ဆွဲဖြုတ်တဲ့ နယ်သာလန်နိုင်ငံသားကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ထိုသူရဲ့ အမည်ဟာ Klaas Haytema ဖြစ်ပြီး မန္တလေးက ဓမ္မရုံ လော်စပီကာ ပလတ်ဆွဲဖြုတ်မှုနှင့်ပတ်သက်ပြီး အရေးယူခံခဲ့ရတာဖြစ်ပါတယ်။
ဓမ္မရုံ လော်စပီကာ ပလတ်ကြိုး ဆွဲဖြုတ်သည့် နယ်သာနိုင်ငံသားအား နိုင်ငံက သတ်မှတ်ထားသည့် ဗီဇာ စည်းကမ်း ချိုးဖောက်မှုနှင့် ယဉ်ကျေးမှု မလေးစားမှုတို့အရ ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ထောင်ဒဏ် ၃ လ ချမှတ်ခံရပြီး ထောင်ဒဏ်မှ လွတ်လာပြီးနောက် ကြာသပတေးနေ့က ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရပါတယ်။ ထိုသူသည် အောက်တိုဘာ ၆ ရက်နေ့က ၄င်းတည်းခိုရာ ဟိုတယ်အနီးရှိ ဓမ္မာရုံမှ လော်စပီကာ အသံသည် ကျယ်လောင်ပြီး အိပ်မရသည့် အတွက် ဓမ္မရုံအတွင်းဝင်ကာ အသံထိန်းညှိစက်နှင့် တွဲထားသည့် လော်စပီကာကြိုးကို ဖြုတ်လိုက်သည့်အတွက် အရေးယူခံရခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတစ်ဦးက ဆိုခဲ့ပါတယ်။
Source: The Ladies News
Anna
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။