ချစ်စရာအရမ်းကောင်းတဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကတော့ အနီရောင်ဖက်ရှင်လေးနဲ့ အကယ်ဒမီပွဲကို တက်ရောက်လာတာ တွေ့ရပါတယ်..။

သူမရဲ့ အကယ်ဒမီပွဲတက်ဝတ်စုံလေးတော့ကို ဒီဇိုင်းနာ ပြည်စိုးအောင်က မြန်မာဝတ်စုံလေးနဲ့ အနောက်တိုင်းဖက်ရှင်ဒီဇိုင်းလေးကို တွဲဖက်ပြီး ဖန်တီးချုပ်လုပ်ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်..။

ချစ်စရာကောင်းတဲ့ ဖက်ရှင်လေးနဲ့ အကယ်ဒမီပွဲတက်လာတဲ့ ပုံရိပ်လေးတွေကိုလည်း မင်းသမီးချောလေး ဆောင်းဝတ်ရည်မေက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

လှပပြီး သူမနဲ့ လိုက်ဖက်လွန်းတဲ့ ဝတ်စုံလေးနဲ့ မင်းသမီးချောလေးကတော့ ချစ်စရာကောင်းလွန်းနေတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်..။

တုတုလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး သူမကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး တစ်လက်လည်း ဖြစ်ပါတယ်..။

အနီရောင်ဖက်ရှင်လေးတွေနဲ့ အကယ်ဒမီပေးပွဲလေးကို တက်ရောက်လာတဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဆောင်းဝတ်ရည်မေ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။