တစ်ခတ်တစ်ခါက ပရိတ်သတ်တွေရဲ့ ရင်ထဲကမင်းသမီးလေးတစ်လက်ဖြစ်တဲ့ ပန်းဖြူကတော့ ဒီကနေ့မှာ ကျင်းပတဲ့ အကယ်ဒမီပေးပွဲလေးကို တက်ရောက်ခဲ့ပါတယ်။ သူမကတော့ အနုပညာလုပ်ငန်းတွေနဲ့ ခနတာဝေးကွာနေပေမယ့် ရင်ထဲမှာထာဝရတည်ရှိနေတဲ့ အနုပညာပိုးလေးတွေကတော့ ပြောက်ကွယ်မသွားနိုင်တဲ့မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲကိုတော့ ပန်းဖြူက သူမရဲ့ချစ်ခင်ပွန်းနဲ့အတူ တွဲဖက်ကာတက်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ပန်းဖြူကတော့ အလှဆင်ထားတဲ့အမဲရောင်အင်္ကျီလေးနဲ့ ကျောက်တွေစီခြယ်ထားတဲ့ ချိန်ထဘီလေးကိုဝတ်ဆင်လာခဲ့ပြီး ထိုဝတ်စုံးလေးဟာဆိုရင်လည်း သူမနဲ့လိုက်ဖက်ကာလှပလှပါတယ်။

ပန်းဖြူရဲ့ဝတ်စုံလေးကိုတော့ ဒီဇိုင်နာ မေမြတ်ဝါဆိုက ဖန်တီးချုပ်လုပ်ပေးထားတာဖြစ်ပြီး မိုးထိနန်းတော် ပိုးထည်တိုက်က စပွန်ဆာပေးထားတာပဲဖြစ်ပါတယ်။ ပန်းဖြူကတော့ အသွင်းပြောင်းတဲ့ပုံစံလေးနဲ့ ပရိတ်သတ်တွေရဲ့ အမြင်အာရုံကို ထွေပြားစေနိုင်လောက်အောင် အရင်ကနဲ့မတူပဲလှပနေတာပဲဖြစ်ပါတယ်။ သူမရဲ့ပွဲတက်လာတဲ့ပုံလေးတွေကိုလဲ ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

source - Pan Phyu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။