ဒီနေ့ရဲ့ အကယ်ဒမီပေးပွဲညကတော့ တကယ်ကိုနတ်မိမယ်လေးတွေနဲ့ လှပလွန်းတဲ့ညပါပဲ ပရိသတ်ကြီးရေ ။

ဒီပွဲကို ဝါရင့်မင်းသမီးချောလေး မယ်လိုဒီလည်း တက်ရောက်လာပါတယ် ။ သူမကတော့ နံသာရောင် မြန်မာအကျီလေးကို ဝတ်ကာ အပြာရောင်ချိတ်လှိုင်းများပါတဲ့ ဝတ်စုံလေးကို ကျက်သရှိတဲ့လှပမှုတွေနဲ့ ဝတ်ဆင်လာပါတယ် ။

သူမရဲ့အလှတွေကတော့ တသားမွေးတသွေးလှဆိုတဲ့ အလှတွေထက်တောင် သာလွန် နေမယ်ဆိုတာ ဒီပုံကလေးတွေကသက်သေပါပဲနော် ။

လက်ရှိမှာတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေပေမယ့်လည်း သူမကိုချစ်တဲ့ ပရိသတ်တွေအတွက်တော့ သူမရဲ့ Page မှာပုံလှလှကလေးတွေ အမြဲတမ်းတင်ပေးလေ့ ရှိပါတယ် ။

သာယာတဲ့အိမ်ထောင်ရေးနဲ့ ချစ်စဖွယ်သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ သူမက သရုပ်ဆောင်တိုင်း လိုချင်တပ်မက်ကြတဲ့ အကယ်ဒမီဆုကိုလည်း သိမ်းပိုက်နိုင်ခဲ့သူပါ ။

ဒီလိုတွေ အဘက်ဘက်ကပြည့်စုံပြီး အားကျစရာကောင်းတဲ့ဘဝကို ပိုင်ဆိုင်ထားတာမို့ သူမကတော့ ပရိသတ်ကြားမှာ အောင်မြင်ဆဲ ရေပန်းစားဆဲဖြစ်နေဆဲပါ ပရိသတ်ကြီးရေ ။

Source – Actress Melody Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။