ပရိသတ်တွေရော အနုပညာရှင်တွေအားလုံးပါ ရင်ခုန်စိတ်လှုပ်ရှားနေရတဲ့ ၂၀၁၇ခုနှစ်အကယ်ဒမီပေးပွဲကြီးကို ပရိသတ်အချစ်တော် တက္ကသိုလ်ဂွမ်းပုံလည်း တက်ရောက်လာခဲ့ပါတယ်။ဂွမ်းပုံနဲ့အတူ အမြဲလိုလို စုံတွဲလေးတွေ့ မြင်နေ့ကျဖြစ်တဲ့ သူမရဲ့ ကိုယ်ရံတော်ကိုလူချောလေးနဲ့ အတူတက်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဇနီးမောင်နှံ နှစ်ယောက်လုံးအရမ်းကို ချစ်ဖို့ကောင်းပြီး၊ ကြည့်ကောင်းနေကြပါတယ်နော်။ 

မနှစ်က (၂၀၁၆)ခုနှစ်အကယ်ဒမီပေးပွဲမှာလည်း အရမ်းကိုလှတဲ့ပွဲတက်ဝတ်စုံလေးနဲ့ ပွဲတက်လာတာကြောင့် ပရိသတ်တွေ သဘောကျမဆုံးဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။ ဒီနှစ် အကယ်ဒမီပွဲလေးမှာလည်း ဘယ်လိုလှတဲ့ ပွဲတက်ဝတ်စုံလေးနဲ့ ပွဲတက်လာအုန်းမလဲဆိုတာကိုတော့ ပရိသတ်တွေ အရမ်းကိုစိတ်ဝင်တစားစောင့်ကြည့် နေကြတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ဂွမ်းပုံရဲ့ ဒီနှစ်အကယ်ဒမီပေးပွဲတက်လာတဲ့ ပုံရိပ်လေး တွေကိုတော့ ပရိသတ်တွေအတွက် အခုပဲမျှဝေပေးလိုက်ပါတယ်နော်။ 

ဒီဇိုင်နာမျိူးမင်းစိုးရဲ့ ဖန်တီးမှုပွဲတက်ဝတ်စုံလေးနဲ့ အရမ်းကိုလှနေပြီး မိတ်ကပ်ဆံပင်၊လက်ဝတ်ရတနာများ၊ ကိုတော့ ညီညီမောင်(စမ်းချောင်း)သုသု ၊ လက်ကိုင်အိတ်ကို မွန်းလိုက်ဖျော်ရည်လုပ်ငန်းမှ"ကိုဇော်ဟိန်း" ဖိနပ်များကို"ရှူးဂလယ်ရီ”မှ အသီးသီး စပွန်ဆာပေးထားကြတာပဲ ဖြစ်ပါတယ်။ ပန်းရောင်ဝတ်စုံလေးနဲ့ ၂၀၁၇ ခုနှစ်ပွဲကြီးမှာ အရမ်းကိုလှနေတဲ့ တက္ကသိုလ်ဂွမ်းပုံတို့ ဇနီးမောင်နှံပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - တက္ကသိုလ်ဂွမ်းပုံ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။