နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ထွန်းထွန်းတစ်ယောက် မိခင်ဖြစ်သူနဲ့ အတူ အကယ်ဒမီပွဲကိုတက်ရောက်လာတာဖြစ်ပါတယ်။ အောင်မြင်တဲ့အဆိုတော်အဖြစ်ကနေ သရုပ်ဆောင်ဖက်ကိုကူးပြောင်းလာခဲ့ပြီး ပရိတ်သတ်တွေကလည်း တခဲနက်အားပေးကြမ်းခဲ့ ကြပါတယ်။ ပြီးခဲ့တဲ့နှစ်က " အုတ်ကြားမြက်ပေါက် " ဇာတ်ကားနဲ့ အကယ်ဒမီရွှေစင်ရုပ်ထု ကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီနှစ်မှာလည်း " ပွဲခံမယ် " ဇာတ်ကားနဲ့ ပရိတ်သတ်တွေက အကယ်ဒမီခန့်မှန်းနေကြတာပဲဖြစ်ပါတယ်။

နှင်းဆီအငြိမ့်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ပရိတ်သတ်တွေကို ရယ်မောပျော်ရွှင်ရ အောင် ဖန်တီးပေးနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။ သဘာ၀ ကျကျသရုပ်ဆောင်နိုင်ပြီး ပရိတ် သတ်တွေရဲ့စိတ်အာရုဏ်ကိုဖမ်းစားနိုင်ခဲ့တဲ့ အဆိုတော်မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ Example အဆိုတော်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး 90 Born တွေကြားမှာ ရေပန်းစားသူ တစ်ယောက်ပါပဲ။

ဒီနေ့မှာတော့ အကယ်ဒမီပွဲတက်ဖက်ရှင်အဖြစ်နဲ့ အနက်ရောင်တိုက်ပုံကိုဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့သားတွေနဲ့အတူ ဒါရိုက်တာ မောင်မျိုးမင်းလည်းတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ထွန်းထွန်းဟာဆိုရင်လည်း ဒီနှစ်မှာ အကယ်ဒမီရမယ်လို့ ပရိတ်သတ်တွေက ခန့်မှန်းနေကြ တာပြီး သူကိုယ်တိုင်လည်း ရင်ခုန်စိတ်လှုပ်ရှားနေမယ်လို့ ထင်ပါတယ် ပရိတ်သတ်ကြီးရေ။ အကယ်ဒမီဆုကြီးကို ထပ်မံပိုင်ဆိုင်နိုင်ပြီး ထပ်ဆင့်အကယ်ဒမီဆုကို ရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo - Htin Aung Htun's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။