ရန်ကုန်-မန္တလေးအ မြန်လမ်းအတိုင်း မောင်းနှင်လာ သည့် မန္တလာမင်းခရီးသည်တင် ယာဉ်သည် မိုင်တိုင် (၉၁) အ ရောက်တွင် အရှိန်လွန်တိမ်း မှောက်ခဲ့သဖြင့် လူခုနစ်ဦး သေ ဆုံးကာ ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။

နေပြည်တော်မှ ရန်ကုန်သို့ ဒီဇင်ဘာ ၂၂ ရက် ညနေ ၄ နာရီ တွင် ခရီးသည် ၄၅ ဦးတင်ဆောင် ကာ ထွက်ခွာလာသည့် မန္တလာ မင်းခရီးသည်တင်ယာဉ်သည် မိုင် တိုင် ၉၁ ၊ ၅ ဖာလုံအနီးသို့ အ ရောက်၌ အရှိန်လွန်ကာ လမ်း ၏ ညာဘက် ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောကြားခဲ့ပါတယ်။

‘‘ကားက တံတားအောက်ကို ထိုးကျသွားတာ။ ဒဏ်ရာရတဲ့သူ တွေထဲမှာ ထပ်သေဆုံးမှုရှိလား၊ စိုးရိမ်ရတဲ့သူတွေရှိလား၊ မရှိဘူး လားဆိုတာကိုတော့ ကျွန်တော် တို့မသိသေးဘူး။ အခုကျွန်တော် တို့က အခင်းဖြစ်တဲ့နေရာမှာပဲ ရှိ သေးတယ်။ လူနာတွေကတော့ ဆေးရုံမှာ စာရင်းမပြုစုရသေး ဘူး။ အခု ခုနစ်ယောက်သေသွား ပြီ’’ဟု မြို့ချောင်း အမြန်လမ်း ရဲစခန်းမှ ရဲအရာရှိတစ်ဦးက 7 days news ကို ပြန်လည်ဖြေကြားခဲ့သည်။

မန္တလာမင်း ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်အကူမယ် အပါအဝင် ယာဉ်ပေါ်တွင် လိုက် ပါလာသူ အမျိုးသားလေးဦးနှင့် အမျိုးသမီး သုံးဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများကို မြို့ချောင်း တိုက်နယ် ဆေးရုံသို့ တင်ပို့ကုသပေးထားကြောင်း​ သိရပြီး ယင်းခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့်

ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ထဲမှ ခရီးသည်ဆရာဝန် နှစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ကြောင်း ဖြူးကြက်ခြေနီ စခန်းမှ တာဝန်ရှိသူတစ်ဦးက ‘‘ဒဏ်ရာ ရတဲ့သူတွေက တော့ စိုးရိမ်ရတဲ့လူနာ ပါလား၊ မ ပါဘူးလားဆိုတာ မသိသေးဘူး။ ဆရာဝန်နှစ်ယောက်ကိုတော့ ရန်ကုန်ပို့လိုက်ပြီ။ ကျန်တဲ့ သူတွေကိုတော့ ကုနေတုန်းပဲ’’ဟု ပြောကြားခဲ့ပါတယ်

အဆိုပါ မန္တလာမင်း ခရီးသည်တင်ယာဉ်သည် အရှိန်လွန်တိမ်းမှောက်ခဲ့ကာ ယာဉ်တိမ်းမှောက်စဉ် ခရီးသည်အများအပြား ယာဉ်အတွင်း ပိတ်မိနေသဖြင့် မှန်များခွဲကာ ကယ်တင်ခဲ့ရကြောင်း အခင်းဖြစ်နေရာသို့ သွားရောက်ကယ်တင်ခဲ့သည့် အမြန်လမ်းရဲတပ်ဖွဲ့ဝင်တစ်ဦးကပြန်လည်ဖြေကြားခဲ့ပါတယ်။

Source : 7days news

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။