အော်ရာဒို ဆာဂလန်း Oradour-Sur-Glane, France

ပြင်သစ်မြေပေါ်တွင် နာဇီတို့ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည့် နေရာသည် အော်ရာဒို ဆာဂလန်းပဲဖြစ်ပါတယ်။ နာဇီတို့သည် ၁၉၄၄ ခုနှစ်တွင် အော်ရာဒို ဆာဂလန်း၌ ကလေး ၂၀၅ ဦးအပါအဝင် လူ ၆၂၄ ဦးကို သေနတ် ဖြင့် ပစ်ခြင်းသို့မဟုတ် အရှင်လတ်လတ် မီးရှို့ခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ 

ယင်းသို့ ပြုလုပ်ပြီးနောက် မြို့ကို ဖျက်ဆီးခဲ့ရာ လူအနည်း ငယ်မျှသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး အော်ရာဒို ဆာဂလန်းကို ပြန်လည်တည်ဆောက်ခဲ့ခြင်းမပြုခဲ့ဘဲ ကြေက်မက်ဖွယ် အနေအထားအတိုင်း ထားရှိခဲ့ကြပါတယ်။ပြင်သစ်နိုင်ငံအစိုးရက အော်ရာဒို ဆာဂလန်းအပါအဝင် စွန့်ပစ်မြို့များကို ထိန်းသိမ်းရန် နှစ်စဉ် ရံပုံငွေ ချထားပေးလျက် ရှိပါတယ်။  

အော်ရာဒို ဆာဂလန်းအပျက်အစီးများကို သမိုင်းဝင် အဆောက်အအုံများအဖြစ် သတ်မှတ်ထားကာ နှစ်စဉ် လာရောက် ကြည့်ရှုသူ သုံးသိန်းကျော်ရှိပြီး အော်ရာဒို ဆာဂလန်းတွင် ပြတိုက်တစ်ခုဖွင့်လှစ်ထားပါတယ်။ ဒါ့အပြင် စာရွက်စာတမ်းများ၊သက်သေခံချက် များ၊ ကြောက်မက်ဖွယ် ဖြစ်ရပ်ဆိုးကို ပြန်ပြောခဲ့မှုများကို ပြသထားပါတယ်။  

Source : Thutaswalzone Magazine 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။