သူတို့လေးတွေက ပရိသတ်တွေချစ်တဲ့ နိုင်ငံကျော်အနုပညာရှင်တွေရဲ့ မျိုးဆက်သစ် သားသမီးမြေးလေးတွေမို့ အနုပညာလောကနဲ့မစိမ်းသူလေးဖြစ်ပါတယ်။

ယခုဆိုရင်တော့ အားလုံးရင်ခုန်စိတ်လှုပ်ရှားနေရတဲ့ အကယ်ဒမီပေးပွဲကြီးကို ကျင်းပနေပြီမို့ အရောင်သွေးစုံလင်လှတဲ့ အနုပညာရှင်တွေကိုလည်း တီဗွီဖန်သားပြင်ပေါ် မြင်တွေ့ရမှာပါ။

အားလုံးစိတ်ဝင်စားကြတာကတော့ အကယ်ဒမီအကူမောင်မယ်တွေလို့ ပြောလို့ရတဲ့ အကယ်ဒမီရွှေကြိုတွေရဲ့ ပုံရိပ်တွေပါပဲ။ ဒါ့ကြောင့်လည်း ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ယခုနှစ်အကယ်ဒမီရွှေကြို လူငယ်တွေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

နာမည်ကျော် ကလေးသရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်အားပေးမှုရရှိထားတဲ့ အိစိ ကွေး၊ အားသစ်တို့အပြင် အကယ်ဒမီ ချိုပြုံးရဲ့ မြေး ဝင်းခန့်မိုး၊ အကယ်ဒမီ မင်းမော် ကွန်းရဲ့ သမီး လေပြည်သွေး၊ အကယ်ဒမီမေသဉ္ဇာဦးရဲ့ သား မင်းသုခိုင်၊ သရုပ်ဆောင် တင်ဇာဝင်း ပြည့်ရဲ့ သမီး စန္ဒြာရွှေရည်၊ 

အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ သမီး စံထိပ်ထားဦးနဲ့ သရုပ်ဆောင် အရိုင်းရဲ့ သမီး ပန်းနုပျိုမေတို့က အကယ်ဒမီ အကူမောင်မယ်တွေအဖြစ် လုပ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။ 

တစ်ယောက်တစ်မျိုးစီချစ်စရာကောင်းကြတဲ့ သူတို့တွေကို ရွေးချယ်ထားတာမို့ အကယ်ဒမီပေးပွဲ က အရင်နှစ်တွေကထက် ပိုပြီးထူးခြားနေမှာဖြစ်ပါတယ်။  

Source : အကယ္ဒမီဆုခ်ီးျမွင့္ပြဲ 2018

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။