နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝါဆိုမိုးဦးတစ်ယောက် သူမရဲ့အကယ်ဒမီပွဲတက်ဖက် ရှင်ပုံရိပ်တွေကို Facebook မှာ တင်ထားတာ ဖြစ်ပါတယ်။ အောင်မြင်တဲ့ မင်းသမီးအဖြစ်နဲ့ အနုပညာလောကမှာ ရပ်တည်ခဲ့တာ အချိန်အတိုင်းအတာတစ်ခုထိ ကြာမြင့်ခဲ့ပြီပဲဖြစ်ပါ တယ်။ သူမဟာ Snare အဖွဲ့က အဆိုတော်ဖြိုးလေးနဲ့ ချစ်သူတွေဖြစ်နေကြပြီး ချစ်သက်တမ်း ဟာလည်း နှစ်နှစ်ကျော်တိုင်ခဲ့ပြီပဲ ဖြစ်ပါ တယ်။ နှစ်ယောက်သားက အရမ်းကိုလိုက်ဖက် လွန်းပါတယ်။

သူမဟာ သီချင်းခွေတစ်ခွေကိုလည်းထွက်ရှိထားပါသေးတယ်။ သူမတို့ချစ်သူနှစ်ယောက် ဟာလည်း တစ်ယောက်ကိုတစ်ယောက် အရမ်းကို ချစ်ခင်ကြပြီး ပရိတ်သတ်တွေ အားကျ ရတဲ့ ဆယ်လီစုံတွဲတစ်တွဲပဲဖြစ်ပါတယ်။ သူမတို့နှစ်ဦးရဲ့ ချစ်သက်တမ်းဟာလည်း အခုဆိုရင် နှစ်နှစ်ကျော် ကာလကိုတိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း ချစ်ခင်ပြီး ဘယ်သွားသွားအတူတူမို့ ပရိတ်သတ်တွေအားကျရတဲ့ စုံတွဲတစ်တွဲဆိုလည်း မမှား ပါဘူး။

ဒီနေ့အတွက်သူမရဲ့ပွဲတက်ဝတ်စုံလေးကတော့ Dolce & Gabbana print theme လေးကို မြန်မာမှုပြန်ပြုထားတာပဲဖြစ်ပါတယ်။ ဒီလိုအလှပဆုံး ပုံရိပ်တွေကို " ဒီနေ့ academy ပွဲတက်ဝတ်စုံလေးပါ ဒီနှစ်တော့ Dolce&Gabbana print theme ကို မြန်မာမှုပုံစံလေး လုပ်ထားပါတယ် " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ဘယ်ချိန်ကြည့်ကြည့် စွဲဆောင်မှုအပြည့် နဲ့ အမြဲတမ်းလှပ နေတဲ့ ဝါဆိုမိုးဦးရဲ့ အမိုက်စား ပုံရိပ်တွေကို ပရိတ်သတ်ကြီးလည်း ထပ်တူ မြင်တွေ့နိုင်အောင် ပြန်လည် ဝေမျှပေးလိုက်ပါ တယ်နော်။

Photo – Warso Moe Oo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။