နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မော်လ်ဒယ် မင်းသားချောလေး ချမ်းမင်းရဲထွဋ်ကတော့ အများနဲ့မတူတဲ့ ဖက်ရှင်လေးနဲ့ အကယ်ဒမီပေးပွဲလေးကို တတ်ရောက်လာပါတယ်..။

မြန်မာ့ရိုးရာကို ပုံဖော်ထားတဲ့ ရှေးခေတ် မင်းညီမင်းသားတွေရဲ့ ပုံရိပ်လေးတွေကို ထင်ဟပ်စေမယ့် ဖက်ရှင်လေးနဲ့ အကယ်ဒမီပေးပွဲကို တည်ကြည်ခန့်ညားစွာ တတ်ရောက်လာခဲ့တာ ဖြစ်ပါတယ်..။

အများနဲ့မတူတဲ့ ဖက်ရှင်လေးနဲ့ ပွဲတတ်လာတဲ့ မင်းသားချောလေး ချမ်းမင်းရဲထွဋ်ကတော့ တည်ကြည်ခန့်ညားပြီး ယောင်္ကျားပီသတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်တာလည်း တွေ့ရပါတယ်..။

နက်ပြာရောင် မြန်မာမှုဖက်ရှင်ဝတ်စုံလေးနဲ့ ရွှေအိုရောင်ခေါင်းပေါင်းလေးကို လိုက်ဖက်ညီစွာ ဝတ်ဆင်ထားတဲ့ သူ့ရဲ့ ပုံရိပ်လေးတွေကတော့ တကယ့်ကို တည်ငြိမ်ခန့်ညားတဲ့ ပုံရိပ်လေးတွေပါပဲ..။

မော်လ်ဒယ် မင်းသားချောလေး ချမ်းမင်းရဲထွဋ်နဲ့ လိုက်ဖက်ညီလွန်းတဲ့ ဝတ်စုံလေးကိုတော့ ဒီဇိုင်နာ ကောင်းမြတ်(Haute Couture) က ဖန်တီးချုပ်လုပ်ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်..။

ချောမောခန့်ညားပြီး ယောင်္ကျားပီသတဲ့ ပုံရိပ်လေးတွေနဲ့ မြင်တွေ့ရတဲ့ မင်းသားချောလေး ချမ်းမင်းရဲထွဋ်ရဲ့ အကယ်ဒမီပွဲတက်ဖက်ရှင်ပုံရိပ်လေးတွေကိုလည်း Myanmarload ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ချမ်းမင်းရဲထွဋ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။