လီဗာပူးလ်အသင်းတွင် ပွဲထွက်ခွင့် မရခဲ့သည့် အတွက်ကြောင့် အလွတ်ပြောင်းရွေ့ကြေးဖြင့် ပြင်သစ် ကလပ် နိုက်စ်အသင်းသို့ ပြောင်းရွေ့ သွားခဲ့သော မာရီယိုဘာလော့တယ်လီကို အင်္ဂလန် အသင်းတစ်ချို့က ချိတ်ဆက်မှု ပြုလုပ်နေကြောင်း အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ပြောကြား သွားခဲ့သည်။

ဘာလော့တယ်လီသည် နိုက်စ်အသင်းသို့ ပြောင်းရွေ့ ခဲ့ပြီးနောက် ပုံမှန်ခြေစွမ်း ပြန်ပြနိုင်ခဲ့ပြီး နိုက်စ်အသင်းအတွက် (၁၄)ပွဲ ကစားထားပြီး (၁၀)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည်။ အေးဂျင့်ဖြစ်သူ ရိုင်အိုလာက - "အင်္ဂလန် အသင်းတစ်ချို့နဲ့ မာရီယိုအတွက် စကားပြောနေပါတယ်၊ ဘယ်အသင်းတွေလဲ ဆိုတာတော့ ပြောဖို့ စောနေသေးတယ်၊ ဒီသတင်းကို တတ်နိုင်သမျှ လုံခြုံမှုရှိအောင် ထိန်းသိမ်းသွားမယ်၊ မာရီယို အနေနဲ့ ပြီးခဲ့တဲ့ နှစ်တုန်းက အဆိုးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ ဒါပေမယ့်လည်း မာရီယိုဟာ စိတ်ဓာတ်ကျသွားခြင်းမရှိပဲ သူ့ကိုယ်သူ ပြန်တည်ဆောက်နိုင်ခဲ့တယ်၊ လီဗာပူးလ် အသင်းမှာ ရှိစဉ်ခါက နည်းပြ ကလော့ပ်ဟာ မာရီယိုကို အခွင့်အရေး လုံးဝမပေးခဲ့ဘူး၊ မာရီယိုအတွက် တရားမျှတမှုဆိုတာ မရှိခဲ့ဘူး၊ မာရီယိုကိုယ်တိုင်ကလည်း အတိတ်မှာ ဘယ်လိုအမှားတွေ ကျူးလွန်ခဲ့တယ်ဆိုတာ သူ့ကိုယ်သူ သိတယ်၊ အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်အတွက် သူကြိုးစားနေတယ်၊ မာရီယိုဟာ အတိတ်ဆိုတာ အတိတ်မှာပဲ ထားခဲ့လိုက်ပါပြီ" ဟု ပြောကြားသွားခဲ့သည်။

Source., Football Cafe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။