ဒီကနေ့မှာကျင်းပပြုလုပ်နေတဲ့ အကယ်ဒမီပေးပွဲကြီးကတော့ အနုပညာရှင်တွေအတွက်အရမ်းအရေးပါလှတဲ့ပွဲကြီးတစ်ပွဲပဲဖြစ်ပါတယ်။ တစ်နှစ်မှာတစ်ခါသာကျင်းပပြုလုပ်တဲ့ ထိုပွဲကြီးကတော့ မြန်မာ့ရုပ်ရှင်လောကသားတွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုတံဆိပ်ကြီးကို ချီးမြှင့်ပေးတဲ့ပွဲကြီးဖြစ်တာကြောင့် အနုပညာရှင်တွေကိုသာမက အားပေးသူပရိတ်သတ်တွေကိုပါ အင်မတန်စိတ်လှုပ်ရှားစေတဲ့ပွဲကြီးတစ်ပွဲပဲ ဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲကြီးက ပေးအပ်ချီးမြှင့်တဲ့ဆုတွေများစွာထဲကမှ ရုပ်ရှင်တစ်သက်တာဆုဆိုတဲ့အကယ်ဒမီဆုတံဆိပ်ကြီးကိုတော့ ဝါရင့်အနုပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ ဘဘဘိုကလေးတင့်အောင် ကဆွတ်ခူးရရှိပါတယ်။ထိုဆုလေးကတော့ ရုပ်ရှင်လောကထဲကလေးစားစရာကောင်းလှတဲ့ဝါရင့်သရုပ်ဆောင်ကြီးတွေများစွာထဲ တစ်ယောက်ကိုသာရွေးချယ်ပေးအပ်တာဖြစ်ပြီး ယခုနှစ်အကယ်ဒမီပေးပွဲမှာသာ ထိုဆုကလေးကပါဝင်လာခဲ့တာဖြစ်ပါတယ်။ထိုဆုလေးကိုတော့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချီးမြှှင့်ပေးခဲ့တာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ကတော့ ရုပ်ရှင်တစ်သတ်တာဆုဆိုတဲ့အကယ်ဒမီဆုကို ရရှိခဲ့တဲ့ ဘဘဘိုကလေးတင့်အောင် ကိုတော့ တလကိုငွေကြေးငါးသိန်းကျပ်ထောက်ပံပေးသွားမှာဖြစ်တယ်လို့လဲပြောကြားခဲ့ပါတယ်။ ထိုဆုလေးကိုဆွတ်ခူးရရှိခဲ့တဲ့ ဘဘဘိုကလေးတင့်အောင် ရဲ့ပုံရိပ်လေးတွေဟာဆိုရင်လည်း အင်မတန်မှကြည်းနူးဝမ်းမြောက်စရာကောင်းလှပါတယ်။ ဘဘဘိုကလေးတင့်အောင် အနေနဲ့လည်းဘယ်လောက်ပျော်ရွှင်နေလဲဆိုတာ ကျနေတဲ့မျက်ရည်လေးတွေကိုသာကြည့်ကြပါတော့ပရိတ်သတ်ကြီးရေ။

photo source Mrtv 4

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။