နာမည်ကျော်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းတစ်ယောက် သူမရဲ့ ခင်ပွန်းနဲ့အတူ အကယ်ဒမီပွဲကိုတက်ရောက်လာတဲ့ ပုံရိပ်တွေကို Facebook မှာ တင်ထား တာပဲဖြစ်ပါတယ်။ မိုးပြာရောင်ဝတ်စုံလေးနဲ့ သူမတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ လိုက်ဖက် လွန်းတဲ့ ပုံရိပ်တွေက တကယ်ကိုအားကျချင်စရာကောင်းပါတယ် ပရိတ်သတ်ကြီးရေ။ အောင် မြင်တဲ့အဆိုတော်သရုပ်ဆောင်တစ်ဦးအဖြစ်နဲ့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်း လာခဲ့တာ အချိန်အတိုင်းအတာတစ်ခုထိကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ နန်းသူဇာနဲ့လည်း သီချင်း ခွေထွက်ရှိထားပြီး ပရိတ်သတ်တွေက တခဲနက်အားပေးကြမ်းခဲ့ကြပါတယ်။

အိမ်ထောင်ကျပြီးသည့်တိုင်အောင် သူမကအပျိုလေးအတိုင်း လှမြဲလှဆဲပါပဲ။ အိမ်ထောင် ပြုပြီးသိပ်မကြာခင်မှာ သူမကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ အကြောင်း ကောလဟာလတွေထွက် ရှိလာပါတော့တယ်။ ဒီကိစ္စနဲ့ပက်သက်ပြီးတော့လည်း သူမက အထွေးအထူးမဖြေရှင်း ပါဘူးလို့ ဆိုပါတယ်။ တကယ်ရှိနေတယ်ဆိုရင်လည်း ဒါဟာ ဖုံးကွယ်လို့ရတဲ့ကိစ္စမဟုတ်ပဲ အချိန်တန်ပေါ်လာမှာပဲဆိုပြီး အင်တာဗျူးတစ်ခုမှာ ရယ်ရယ်မောမောပြော သွားတာဖြစ်ပါ တယ်။

ဒီနေ့မှာတော့ သူမတို့ဇနီးမောင်နှံရဲ့ မိုးပြာရောင်ဖက်ရှင်လေးနဲ့ အကယ်ဒမီပွဲတက်ပုံရိပ် လေးတွေက တကယ်ကိုလိုက်ဖက်လွန်းနေပါတယ် ပရိတ်သတ်ကြီးရေ။ လိုက်ဖက်လွန်းတဲ့ သူမတို့စုံတွဲရဲ့ အကယ်ဒမီပွဲတက်ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါ တယ်။

Photo - Nann Myat Phyo Thin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။