ဒီကနေ့မှာကျင်းပပြုလုပ်တဲ့အကယ်ပေးပွဲကြီးကတော့ အနပညာရှင်တွေများစွာ တက်ရောက်လာခဲ့ပြီး တစ်ယောက်တစ်မျိုးမတူညီတဲ့ ဖက်ရှင်လေးတွေကြောင့် အရောင်တွေတလက်လက်တောက်ပကာ ခမ်းနားကြီးကျယ်လှပါတယ်။ ထိုပွဲကြီးကတော့ အနုပညာရှင်တွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ မြန့်မာရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီဆုတံဆိပ်) ကြီးကို ပေးအပ်ချီးမြှင့်တဲ့ပွဲကြီး ဖြစ်တာကြောင့် တက်ရောက်လာတဲ့အနုပညာရှင်တွေသာမက ကြည့်ရှုနေတဲ့ပရိတ်သတ်တွေကိုပါ ရင်ခုန်စိတ်လှုပ်ရှားတွေများစွာ ပေးစွမ်းနိုင်တဲ့ပွဲကြီးတစ်ပွဲပဲဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲကြီးက ပေးအပ်ချီးမြှင့်တဲ့ဆုတွေများစွာထဲကမှ တစ်နှစ်တာအတွက်အကောင်းဆုံးဓာတ်ပုံဆုကိုတော့ ကျောက်ဖြူ ကဆွတ်ခူးရရှိပါတယ်။ ကျောက်ဖြူ(ပဒေသာ) ကတော့ ထိုဆုတ့ဆိပ်ကြီးကို 3 girls ဆိုတဲ့ရုပ်ရှင် ကားလေးနဲ့ရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ထူးချွန်တဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်အကယ်ဒမီဆုတံဆိပ်ကြီးကို ရရှိခဲ့တာပဲဖြစ်ပါတယ် ။ကျောက်ဖြူကတော့ ရှေးယခင်တုန်းကလဲ အကယ်ဒမီဆုတွေများစွာကိုရယူထားနိုင်ခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

ထိုဆုကြီးကိုရရှိခဲ့တဲ့ ကျောက်ဖြူပဒေသာ ကတော့ ပျော်ရွှင်မှုတွေရင်မှာပြည့်နှက်နေပြီး အင်မတန်မှပီတီတွေဖြစ်ပေါ်နေမယ်လို့ထင်ပါတယ်။ အနုပညာရှင်တွေရဲ့မှတ်တိုင်တစ်ခုဖြစ်တဲ့ အကယ်ဒမိဆုကြီးကိုတောင်ရရှိခဲ့ပြီဖြစ်ခဲ့အတွက် သူ့ရဲ့နောက်ထပ်ဖန်တီးမယ့်အနုပညာလက်ရာတွေဟာဆိုရင်လည်း ပရိတ်သတ်တွေအတွက် ပိုမိုစိတ်ဝင်စားစရာလေးတွေအဖြစ်တည်ရှိလာတော့မှာ အသေအချာပါပဲ။

photo credit Mrtv 4


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။