၂၀၁၇ခုနှစ်အကယ်ဒမီပေးပွဲကြီးကိုတော့ မိန်းမလျာဇာတ်ရုပ်နဲ့ ပရိသတ်တွေရင်ထဲမှာနေရာတစ်ခု ရရှိလာတဲ့ သရုပ်ဆောင်ရဲလေးမ လည်းတက်ရောက်လာခဲ့ပါတယ်။ဒီနှစ်အကယ်ဒမီပွဲကိုတော့ သရုပ်ဆောင်ရဲလေးမ တစ် ယောက် တူညီတဲ့ဝတ်စုံနှစ်ခုနဲ့ ထူးထူးခြားခြားလေးပွဲတက်လာခဲ့ပါတယ်။ 

အရမ်းလှတဲ့ ပွဲတက်ဝတ်စုံနှစ်စုံနဲ့ ပုံလေးတွေကိုလည်း သူရဲ့ လူမှုကွန်ယက်ကနေ ချစ်ပရိသတ်တွေအတွက် မျှဝေထားတာပဲ ဖြစ်ပါတယ်။ပထမ ဝတ်စုံလေးကတော့ လိမ္မော်ရောင်တိုက်ပုံအကျီ ၤလေးနဲ့ အစိမ်းရောင်ပိုးပုဆိုး တို့ကိုဝတ်ဆင်ကာ အရမ်းကိုလှနေပါတယ်။ရဲလေးမရဲ့ ပထမဝတ်စုံလေးကိုတော့ မိုးမြတ်သူဇာပိုးထည်တိုက်က တာဝန်ယူဆောင်ရွှက်ပေးခဲ့တာဖြစ်ပြီး ဒီဇိုင်နာသာကေတဖန်တီးချုပ်လုပ်ပေးထားတဲ့ ဝတ်စုံလေးဖြစ်တယ်လို့ သိရပါတယ်။  

ဒုတိယပွဲတက်ဝတ်စုံလေးကတော့ ရွှေဝါရောင်ပွဲတက်ဝတ်စုံလေးဖြစ်ပြီး အနုပညာရှင်တို့ရဲ့ ရွှေရောင်လွှမ်းတဲ့ နေ့လေးမှာ ရွှေအဆင်းနဲ့ အရမ်းကိုလှနေတာပဲ ဖြစ်ပါတယ်။ဒီဝတ်စုံလေးကိုတော့ ဒီဇိုင်နာကိုဇော်(မန္တလေး)ရဲ့ ဖန်တီးချုပ်လုပ်မှုတွေနဲ့ မကျော့အမရပူရ ပိုးထည်တိုက်က စပွန်ဆာပေးထားတာပဲ ဖြစ်ပါတယ်။ ၂၀၁၇ အကယ် ဒမီပေးပွဲကြီးမှာ အရမ်းကိုလှနေတဲ့ ရဲလေးမကိုလည်း ပရိသတ်တွေအားပေးကြပါအုန်းနော်။ 

သတင်းအရင်းအမြစ် - ရဲလေးမ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။