တစ်နှစ်တစ်ခါကျင်းပတဲ့ အနုပညာရှင်တွေအတွက် အရေးပါဆုံးပွဲကြီးတစ်ပွဲဖြစ်တဲ့ အကယ်ဒမီပေးပွဲကြီးကတော့ မတ်ချ်လ ၂၃ ရက်နေ့မှာ ခြိမ့်ခြိမ့်သည်းသည်းကြီး ကျင်းပလို့နေပါပြီ ။ အနုပညာရှင်တွေလည်း ဖက်ရှင်တွေ အမျိုးမျိုး ၀တ်စားဆင်ယင်ပြီး ပျော်ရွှင်စွာ ပွဲတတ်နေကြပြီပဲဖြစ်ပါတယ် ။ အကယ်ဒမီအတွက် တစ်ကြိုပြေးနေတဲ့ မင်းသားမင်းသမီးတွေရဲ့ နာမည်တွေထဲမှာ ထွန်းထွန်းလဲ တစ်ယောက်အပါအဝင်ပါ ။ အဆိုတော်တစ်ဦး လည်းဖြစ်တဲ့ ထွန်းထွန်းက သရုပ်ဆောင် စွမ်းရည်မှာလည်း မခေကြောင်းကို သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပြသနိုင်ခဲ့တာပါ ။

ပရိတ်သတ်တွေ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားကောင်းတွေလည်းဖြစ်ခဲ့ပါတယ် ။ ၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီဆုကိုလည်း လက်ဝယ်ပိုင်ပိုင်ရရှိခဲ့တဲ့ အကယ်ဒမီထွန်းထွန်းက ဒီနှစ်မှာလည်း အကယ်ဒမီရင်ခုန်စရာတွေ ရှိနေပြီမို့ သူ့ရဲ့ ချစ်သူလေးက

" Good luck for tmr my boo boo lay ... U r not what has happened to u .. U r what u choose to become .. All u can do is try ur best .. Do yr best to be a good one .. no matter what happens , my love for u will stay the same . You mean more to me than u'll ever know "

လို့ ဆုတောင်းပေးခဲ့တာပါ ။ 

ထွန်းထွန်းကလည်း အရမ်းပျော်တယ် ။ အားရှိတယ်လို့ ပြန်ပြောထားတာကိုလည်း တွေ့ရပါတယ် ။ ချစ်သူလေးပေးတဲ့ အားအင်တွေနဲ့ အကယ်ဒမီ ထွန်းထွန်းကတော့ ထပ်ဆင့်အကယ်ဒမီအဖြစ် မြင်တွေ့ရဦးမလား ဆိုတာ စောင့်ကြည့်အားပေးကြရမှာပဲဖြစ်ပါတယ် ။

သတင်းအရင်းမြစ် Su sandi oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။