ဒီကနေ့မှာကျင်းပပြုပ်နေတဲ့ အကယ်ဒမီပေးပွဲကြီးကတော့ အနုပညာရှင်တွေအတွက်အရမ်းအရေးပါလှတဲ့ပွဲကြီးတစ်ပွဲပဲဖြစ်ပါတယ်။ တစ်နှစ်မှာတစ်ခါသာကျင်းပပြုလုပ်တဲ့ ထိုပွဲကြီးကတော့ မြန်မာ့ရုပ်ရှင်လောကသားတွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုတံဆိပ်ကြီးကို ချီးမြှင့်ပေးတဲ့ပွဲကြီးဖြစ်တာကြောင့် အနုပညာရှင်တွေကိုသာမက အားပေးသူပရိတ်သတ်တွေကိုပါ အင်မတန်စိတ်လှုပ်ရှားစေတဲ့ပွဲကြီးတစ်ပွဲပဲ ဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲကြီးက ပေးအပ်ချီးမြှင့်တဲ့ဆုတွေများစွာထဲကမှ တစ်နှစ်တာအတွက်အကောင်းဆုံးနောက်ခံတေးဂီတဆုကိုတော့ စန္ဒယား တင်ဝင်းလှိုင် ကဆွတ်ခူးရရှိခဲ့ပါတယ်။ အနေနဲ့အခုလိုအကယ်ဒမီဆိုတဲ့ဆုတံဆိပ်ကြီးကို ကွမ်းလုံ ရက်၄၀ လို့အမည်ရတဲ့ရုပ်ရှင်ကားလေးနဲ့ရရှိခဲ့တာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ထိုကားလေးထဲက ရဲ့အသံဖန်တီးမှုတွေကိုကြိုက်နှစ်သက်ကြရဲ့လား။

စန္ဒယားတင်ဝင်းလှိုင်ဟာဆိုရင်တော့ နောက်ခံတေးဂီတနဲ့ ဇတ်ဝင်ခန်းကို အံဝင်ခွင်ကျအောင်ဖန်တီးပေးနိုင်ပြီး ဇတ်ကားရဲ့ရုပ်လုံးကိုပိုမိုပေါ်လွင်လာအောင် အသံနဲဖန်တီးပေးနိုင်တာကြောင့်အခုလို အကယ်ဒမီဆုကြီးကိုဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။ စန္ဒယားတင်ဝင်းလှိုင်ကတော့ ၂၀၁၃ ခုနှစ်တုန်းကလဲ အကယ်ဒမီဆုကြီးကိုဆွတ်ခူးရရှိတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အကယ်ဒမီပေးပွဲအတွင်းကနေ သူပြောကြားခဲ့တဲ့စကားတွေဟာဆိုရင်လည်း ပရိတ်သတ်တွေအတွက် စိတ်ဝင်စားစရာတစ်ခုဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

photo credit  Mrtv 4

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။