ဒီကနေ့မှာကျင်းပပြုပ်နေတဲ့ အကယ်ဒမီပေးပွဲကြီးကတော့ အနုပညာရှင်တွေအတွက်အရမ်းအရေးပါလှတဲ့ပွဲကြီးတစ်ပွဲပဲဖြစ်ပါတယ်။ တစ်နှစ်မှာတစ်ခါသာကျင်းပပြုလုပ်တဲ့ ထိုပွဲကြီးကတော့ မြန်မာ့ရုပ်ရှင်လောကသားတွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုတံဆိပ်ကြီးကို ချီးမြှင့်ပေးတဲ့ပွဲကြီးဖြစ်တာကြောင့် အနုပညာရှင်တွေကိုသာမက အားပေးသူပရိတ်သတ်တွေကိုပါ အင်မတန်စိတ်လှုပ်ရှားစေတဲ့ပွဲကြီးတစ်ပွဲပဲ ဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲကြီးက ပေးအပ်ချီးမြှင့်တဲ့ဆုတွေများစွာထဲကမှ တစ်နှစ်တာအတွက်အကောင်းဆုံး ဇတ်ညွန်ဆုကိုတော့ဝိုင်းက ဆွတ်ခူးရရှိခဲ့ပါတယ်။ ဝိုင်းကတော့ ထိုအကယ်ဒမီဆုကြီးကို ရင်ဘတ်ထဲကဓါးဆိုတဲ့ ရုပ်ရှင်ကားလေးနဲ့ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။ ထိုကားလေးထဲမှာတော့ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့က ပါဝင်သရုပ်ဆောင်ထားပြီး အနုပညာရသကို ပရိတ်သတ်ရင်ထဲရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့တဲ့ကားလေးတစ်ကားပဲဖြစ်ပါတယ်။

ထိုဆုကြီးကိုဆွတ်ခူးရရှိခဲ့တဲ့ ဝိုင်းကနေ သူ့အနေနဲ့ ဒီအကယ်ဒမီဆုကြီးကို လိုချင်ခဲ့တာဟာ သူ့ဆရာရဲ့ကျေးဇူးကိုဆပ်ချင်တဲ့အတွက်ရယူချင်ခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။သူ့အနေနဲ့ ယခုလို အကယ်ဒမီဆုကြီးကိုထပ်မံဆွတ်ခူးရရှိခဲ့တာကြောင့် အလွန်အမင်းပျော်ရွှင်နေပြီး အားပေးချစ်ခင်ကြတဲ့ပရိတ်သတ်တွေကိုလဲ ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ ပရိတ်တွေရော ဝိုင်း ကအခုလိုအကယ်ဒမီဆုကြီးဆွတ်ခူးသွားတော့ မပျော်ကြဘူးလား။

PHOTO CREDIT - MRTV 4

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။