မကြာသေးခင်ကမှ ခမ်းခမ်းနားနားမင်္ဂလာပွဲကြီးကျင်းပခဲ့ပြီး ပရိသတ်တွေကြားမှာ အရမ်းကိုဟော့ဖြစ်သွားခဲ့တဲ့ ပူပူနွေးနွေးအိမ်ထောင်ရှင်မလေး စန္ဒီမြင့်လွင်ကတော့ ညီမဖြစ်သူစိုးပြည့်အတွက် အားပေးစကားလေးဆိုလိုက် ပါတယ်။ပရိသတ်အချစ်တော် စိုးပြည့်ကတော့ ၂၀၁၇ခုနှစ်အကယ်ဒမီပေးပွဲကြီးမှာ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအတွက် ထင်ကြေးပေးခံနေရတဲ့ ဇကာတင်စရင်းဝင် မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။  

ပရိသတ်တွေကြားမှာ ခေါက်ထီးလေးမလုံတလုံ ဇာတ်ကားလေးနဲ့ ပရိသတ်တွေထင်ကြေးပေးခံရမှုများစွာ စိတ်ဝင်စားခြင်းခံနေရတဲ့ သူမကတော့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအတွက် ကြေငြာချိန်နီး လာလေလေ ရင်ခုန်နှုန်းတွေလည်း ပိုမြန်လာလေလေ ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။သူမကိုချစ်တဲ့ ပရိသတ်တွေကလည်း အရမ်းကိုရစေချင်နေကြပြီး ဆုတောင်းပေးနေကြတာပဲ ဖြစ်ပါတယ်။ 

မင်းသမီးချော စန္ဒီမြင့်လွင်ကလည်း ပရိသတ်တွေနဲ့ ထပ်တူ ညီမဖြစ်သူ စိုးပြည့်သဇင်အတွက် ဆုတောင်း စကားလေး ဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ဒီနှစ်အကယ်ဒမီပေးပွဲကို အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက် နိုင်ခဲ့တဲ့ စန္ဒီမြင့်လွင် ကတော့ သူမရဲ့ လူမှုကွန်ယက်ကနေ “Fighting မိုင်စစ်စတားစ် ပွဲမတက်ဖြစ်ပေမဲ့ အိမ်က နေအားပေးနေမယ်နော် ရခဲ့ရင်တော့ရှိတဲ့နေရာပြေးလာခဲ့မယ် ဖိုက်တင်း ချစ်တယ်” လို့ ဆုတောင်းစကားလေး ဆိုလိုက်တာပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေ အားလုံးမျှော့်မှန်းထားတဲ့အတိုင်း ဒီနှစ်အတွက်အကယ်ဒီဆုကြီးကို ရမလားဆိုတာ ရင်ခုန်စွာနဲ့ ဆက်လက်စောင့်မျှော်အားပေးကြရအောင်နော်။ 

သတင်းအရင်းအမြစ် - စန္ဒီမြင့်လွင်

Photo - Zwe Htet 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။