ဒီကနေ့မှာကျင်းပပြုပ်နေတဲ့ အကယ်ဒမီပေးပွဲကြီးကတော့ အနုပညာရှင်တွေအတွက်အရမ်းအရေးပါလှတဲ့ပွဲကြီးတစ်ပွဲပဲဖြစ်ပါတယ်။ တစ်နှစ်မှာတစ်ခါသာကျင်းပပြုလုပ်တဲ့ ထိုပွဲကြီးကတော့ မြန်မာ့ရုပ်ရှင်လောကသားတွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုတံဆိပ်ကြီးကို ချီးမြှင့်ပေးတဲ့ပွဲကြီးဖြစ်တာကြောင့် အနုပညာရှင်တွေကိုသာမက အားပေးသူပရိတ်သတ်တွေကိုပါ အင်မတန်စိတ်လှုပ်ရှားစေတဲ့ပွဲကြီးတစ်ပွဲပဲ ဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲကြီးက ပေးအပ်ချီးမြှင့်တဲ့ဆုတွေများစွာထဲကမှ တစ်နှစ်တာအတွက်အကောင်းဆုံးအမျိုးသားဇတ်ပို့ဆုကိုတော့ မြင့်မြတ် ကဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။ မြင့်မြတ် ကတော့ အကယ်ဒမီဆုကြီးကို ကျွန် ဆိုတဲ့ရုပ်ရှင်ကားလေးနဲ့ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ပိုင်နိုင်လှတဲ့သရုပ်ဆောင်မှုတွေနဲ့ ပီပြင်လှတဲ့ဇတ်ရုပ်တွေအပြင် ဇတ်ကိုလိုရာကိုဆွဲခေါ်ပို့ဆောင်ပေးနိုင်ခဲ့တဲ့အတွက် မြင့်မြတ် ကတော့ အမျိုးသားဇတ်ပို့ဆုဆိုတဲ့အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။

ဒီကနေ့မှာအကောင်းဆုံးအမျိုးသားဇတ်ပို့ဆုဆိုတဲ့ အကယ်ဒမီဆုကြီးကိုရရှိခဲ့တဲ့ မြင့်မြတ် အနေနဲ့ အကယ်ဒမီပေးပွဲကြီးမကျင်းပမီ အချိန်လေးမှာတော့ သူငယ်ချင်းတွေအတွက် ဇတ်ပို့ဆုတော့မရချင်ဘူးလို့ ပြောကြားထားပေမယ့် အခုချိန်မှာဆိုရင်တော့ မြင့်မြတ်က တနှစ်တာအကောင်းဆုံးအမျိုးသားဇတ်ပို့ဆုဆိုတဲ့ အကယ်ဒမီဆုကြိးကို ဆွတ်ခူးရရှိခဲ့ပြီပဲဖြစ်ပါတယ်။မြင့်မြတ်ကို အကယ်ဒမီဆုကြီးအရမ်းရစေချင်တဲ့ သူငယ်ချင်းတွေ ပရိတ်သတ်တွေကတော့ အခုချိန်လောက်ဆို အပျော်ကြီးပျော်နေလောက်ပြီလို့ထင်ပါတယ်။မြင့်မြတ်အကယ်ဒမီရသွားတော့ ပရိတ်သတ်တွေရေ ပျော်ကြရဲ့လား။အခုဆို အကယ်ဒမီမြင့်မြတ်လို့ခေါ်လို့ရပြီနော် ပရိတ်သတ်ကြီး။

PHOTO CREDIT - MRTV 4

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။