ဒီကနေ့မှာကျင်းပပြုလုပ်တဲ့အကယ်ပေးပွဲကြီးကတော့ အနပညာရှင်တွေများစွာ တက် ရောက်လာခဲ့ပြီး တစ်ယောက်တစ်မျိုးမတူညီတဲ့ ဖက်ရှင်လေး တွေကြောင့် အရောင်တွေတ လက်လက်တောက်ပကာ ခမ်းနားကြီးကျယ်လှပါတယ်။ ထိုပွဲကြီးကတော့ အနုပညာရှင် တွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ချီးမြှင့်တဲ့ပွဲကြီး ဖြစ်တာကြောင့် တက်ရောက်လာတဲ့ အနုပညာရှင်တွေသာမက ကြည့်ရှုနေတဲ့ပရိတ်သတ်တွေကိုပါ ရင်ခုန် စိတ်လှုပ်ရှားတွေများစွာ ပေးစွမ်းနိုင်တဲ့ပွဲကြီးတစ်ပွဲပဲဖြစ်ပါတယ်။

အကယ်ဒမီပေးပွဲကြီးက ပေးအပ်ချီးမြှင့်တဲ့ဆုတွေများစွာထဲကမှ တစ်နှစ်တာအတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ မင်းသမီး ပိုင်ဖြိုးသုကဆွတ်ခူးရရှိပါတယ်။ ထိုဆုတ့ဆိပ်ကြီးကို ဘီလူးမ သရဲမနှင့် မိန်းမပျို (3 Girls ) ဇာတ်ကားလေးနဲ့ရရှိခဲ့တာဖြစ်ပြီး ထိုကားလေးထဲက ပိုင်ဖြိုးသုရဲ့သရုပ်ဆောင်မှုတွေဟာဆိုရင်လည်းပရိတ်သတ်တွေကို များစွာအကြိုက်တွေ့စေခဲ့တာပဲဖြစ်ပါတယ်။

အကယ်ဒမီဆုကြီးကိုရရှိခဲ့တဲ့ ပိုင်ဖြိုးသုကတော့ ပြောမပြတတ်လောက်အောင်ပျော်ရွှင်နေ တယ်ဆိုတာက သူမရဲ့မျက်ဝန်းအိမ်လေးတွေထဲက စီးကျနေတဲ့မျက်ရည်လေးတွေကသက် သေပါပဲ။ကြိုးစားမှုတွေများစွာစိုက်ထုတ်ပြီး ထိုက်ထိုက်တန်တန်ရရှိလာခဲ့တဲ့ အကယ်ဒမီ ဆုကြီးဟာ သူမ အတွက်တန်ဖိုးမဖြတ်နိုင်တဲ့အရာလေးတစ်ခုအဖြစ်တည်ရှိနေမယ်လို့ ထင် ပါတယ်။ ပရိတ်သတ်တွေရော မိမိအားပေးတဲ့အနုပညာရှင်လေး တစ်ယောက်ဖြစ်တဲ့ ပိုင်ဖြိုး သုကအကယ်ဒမီဆုကြီးကိုဆွတ်ခူးသွားတော့ပျော်ရွှင်ကြရဲ့လား။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။