လူငယ်ပရိသတ်တွေကြားမှာ မိန်းကလေး Rapper တစ်ယောက်အဖြစ် သီချင်းအမိုက်စားတွေကို သီဆိုရင်း ထိုးဖောက်အောင်မြင်လာသူကတော့ Bobby Soxer ဖြစ်ပါတယ်။

အကယ်ဒမီဆုတွေနဲ့ ပတ်သက်ပြီး ရင်ခုန်အားပေးနေသူထဲမှာ ပရိသတ်အချစ်တော် အဆိုတော်မလေး B Sox တစ်ယောက်လည်း အပါအဝင်ပါပဲ။

ချစ်စရာကောင်းပြီးသွက်လက်စွာနေတတ်တဲ့ သူမက ဘယ်သူ့ကို အကယ်ဒမီရစေချင်လဲ ၊ ဘယ်သူ့ရဲ့ ပရိသတ်လဲဆိုတာ ပရိသတ်တွေကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောလိုက်ပါတယ်။

သူမဟာ အိန္ဒြာကျော်ဇင် ကို အကယ်ဒမီရစေကြောင်း သူမရဲ့ဖေ့ဘုတ်ကနေ အခုလို ဖွင့်ပြောလာပါတယ်။

“ကျန်ဒါတွေ စိတ်ဝင်စားဘူး မအူဝဲရရင်ကျေနပ်ပြီ hehee” ဆိုပြီး ရေးသားထားပါတယ်။

ထက်ထက် ဟာ မနှုတ်ဆက်ချင်ဘူးသီချင်းလေးနဲ့ စပြီး ပရိသတ်တွေရဲ့ အားပေးမှုတခဲနက်ရရှိလာသလို လွှမ်းပိုင်နဲ့လည်း အတူတူ သီချင်းတွေသီဆိုနေတဲ့ ချစ်သူကောင်မလေးဖြစ်ပါတယ်။

ပရိသတ်တွေရစေချင်တဲ့မင်းသမီးကရော ဘယ်သူလေးဖြစ်မလဲ။

Source- Htet Htet Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။