ဒီကနေ့မှာကျင်းပပြုလုပ်တဲ့ အကယ်ပေးပွဲကြီးကတော့ အနပညာရှင်တွေများစွာ တက်ရောက်လာခဲ့ပြီး တစ်ယောက်တစ်မျိုးမတူညီတဲ့ ဖက်ရှင်လေးတွေကြောင့် အရောင်တွေတလက်လက်တောက်ပကာ ခမ်းနားကြီးကျယ်လှပါတယ်..။

ထိုပွဲကြီးကတော့ အနုပညာရှင်တွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ မြန့်မာရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီဆုတံဆိပ်) ကြီးကို ပေးအပ်ချီးမြှင့်တဲ့ပွဲကြီး ဖြစ်တာကြောင့် တက်ရောက်လာတဲ့အနုပညာရှင်တွေသာမက ကြည့်ရှုနေတဲ့ပရိတ်သတ်တွေကိုပါ ရင်ခုန်စိတ်လှုပ်ရှားတွေများစွာ ပေးစွမ်းနိုင်တဲ့ပွဲကြီးတစ်ပွဲပဲဖြစ်ပါတယ်..။

အကယ်ဒမီပေးပွဲကြီးက ပေးအပ်ချီးမြှင့်တဲ့ဆုတွေများစွာထဲကမှ တစ်နှစ်တာအတွက်အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ ပရိသတ်အချစ်တော် မင်းသမီး အိန္ဒြာကျော်ဇင် ကဆွတ်ခူးရရှိပါတယ်..။ မင်းသမီး အိန္ဒြာကျော်ဇင် ကတော့ ထိုဆုတံဆိပ်ကြီးကို “ရင်ဘတ်ထဲက ဓား” ဇာတ်ကားလေးနဲ့ ရရှိခဲ့တာဖြစ်ပြီး ထိုကားလေးထဲက မင်းသမီး အိန္ဒြာကျော်ဇင် ရဲ့သရုပ်ဆောင်မှုတွေဟာ ဆိုရင်လည်း ပရိတ်သတ်တွေကို များစွာအကြိုက်တွေ့စေခဲ့တာပဲဖြစ်ပါတယ်..။

အကယ်ဆုကြီးကိုရရှိခဲ့တဲ့ မင်းသမီး အိန္ဒြာကျော်ဇင်ကတော့ ပြောမပြတတ်လောက်အောင်ပျော်ရွှင်နေတယ်ဆိုတာက မင်းသမီး အိန္ဒြာကျော်ဇင် ရဲ့မျက်ဝန်းအိမ်လေးတွေထဲက စီးကျနေတဲ့မျက်ရည်လေးတွေကသက်သေပါပဲနော်..။

ကြိုးစားမှုတွေများစွာ စိုက်ထုတ်ပြီး ထိုက်ထိုက်တန်တန်ရရှိလာခဲ့တဲ့ အကယ်ဒမီဆုကြီးကတော့ မင်းသမီး အိန္ဒြာကျော်ဇင် အတွက်တန်ဖိုးမဖြတ်နိုင်တဲ့အရာလေး တစ်ခုအဖြစ် တည်ရှိနေမယ်လို့ထင်ပါတယ်နော် ပရိသတ်ကြီး..။

ပရိတ်သတ်တွေရော မိမိအားပေးတဲ့အနုပညာရှင်လေးတစ်ယောက်ဖြစ်တဲ့ မင်းသမီး အိန္ဒြာကျော်ဇင် ကအကယ်ဒမီဆုကြီးကို ဆွတ်ခူးသွားတော့ပျော်ရွှင်ကြရဲ့လား..??

Photo Credit MRTV-4

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။