ဟာသသရုပ်ဆောင်လောကမှာ ဆင်မဆိုတဲ့ နာမည်လေးတစ်လုံး ပရိသတ်တွေရင်ထဲထင်ကျန်နေအောင် ဆယ်စုနှစ်မက အခက်ခဲတွေအများကြီးကြားကနေ ကြိုးစားခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ယခင်က ဇာတ်အဖွဲ့ တွေကနေ လူရွှင်တော်တစ်ယောက်အဖြစ်နဲ့ ရပ်တည်လာခဲ့တဲ့ဆင်မကတော့ နောက်ပိုင်း ရုပ်ရှင်သဘင် လောကဘက်ကို ကူးပြောင်းလာခဲ့ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာအသိမှတ်ပြုခြင်းခံလာရတဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ 

ဒီနေ့မှာတော့ တစ်နိုင်ငံက အနုပညာရှင်တွေ အုတ်အုတ်ကျပ်ကျပ် တက်ရောက် ခဲ့ကြတဲ့ ၂၀၁၇ခုနှစ်အကယ် ဒမီဆုပေးပွဲကြီးကို အနုပညာတစ်ယောက်ဖြစ်ပေမယ့်လည်း တက်ရောက်ခြင်းမရှိခဲ့တဲ့ သရုပ်ဆောင် ဆင်မ အတွက်ပရိသတ်တွေစိတ်မကောင်းဖြစ်နေကြပါတယ်။လွန်ခဲ့တဲ့ နာရီပိုင်းက ဆင်မဟာ “အကိုကြီးတို့ အမကြီး တို့ကို တယ်လီဗီရှင်းကနေ ရင်ခုန်ပေးနေတာပါရယ်”ဆိုတဲ့စာလေး သူရဲ့လူမှုကွန်ယက်ကနေ မျှဝေလိုက်တာ ကြောင့် ပရိသတ်တွေက ဆင်မတစ်ယောက် အကယ်ဒမီပွဲတက်ရောက်ခွင့်မရခဲ့ဘူးလို့ ထင်ခဲ့ကြပြီး စိတ်မ ကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ 

ပရိသတ်တွေကတော့ အနုပညာလောကသားအချင်းချင်း အလွှာခြားဆက်ဆံ မှုတွေကြောင့် တက်ရောက်ခွင့် မရခဲ့ဘူးလို့ ထင်ခဲ့ကြပြီး ဒေါသတွေစိတ်မကောင်းခြင်း တွေဖြစ်ခဲ့ကြ ရပေမယ့် ဆင်မကတော့ ပရိသတ်တွေ ထင် သလိုမဟုတ်ပါဘူးလို့ ပြန်ရှင်းပြခဲ့ပါတယ်။ဆင်မပွဲမတက်ဖြစ်ခဲ့တဲ့ အကြောင်းလေးကတော့ အိမ်ပြောင်းနေရလို့ ပါတဲ့နော်။ဖိတ်စာလဲရပါတယ် တိုက်တိုက်ဆိုင်ဆိုင် အိမ်ပြောင်းတဲ့နေ့တဲ့တိုက်သွားလို့မသွားဖြစ်တာပါ။ပရိသတ် တွေအထင်မလွဲပါနဲ့နော်။စိတ်ပူပေးကြတဲ့ ပရိသတ်တွေအတွက်လည်း ကျေးဇူးတင်ပါလို့ သူရဲ့ပိုစ်လေးအောက် မှာရှင်းပြလိုက်တာပဲ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - ဆင်မ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။