March လ ၂၃ ရက်နေ့့က ကျင်းပပြီးစီးခဲ့တဲ့ မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်း ပွဲကြီးတစ်ပွဲဖြစ်တဲ့ အကယ်ဒမီပေးပွဲကြီးကတော့ ခမ်းခမ်းနားနားနဲ့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ ။ ဆုရရှိခဲ့တဲ့ အနုပညာရှင်တွေကလည်း ပရိတ်သတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ အနုပညာရှင်တွေဖြစ်ခဲ့ပါတယ် ။ ဒီထဲမှာ ဂျင်းကောင် လို့ ပရိတ်သတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသား မြင့်မြတ်လည်း အကယ်ဒမီ ဆုရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ် ။ 

သဘာဝကျတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိတ်သတ်က ယခင် အကယ်ဒမီပေးပွဲတွေမှာထဲက အကယ်ဒမီ ရစေချင်တဲ့ မင်းသားတစ်လက်ဖြစ်ပေမယ့် အကယ်ဒမီနဲ့ အကြိမ်ကြိမ်လွှဲချော်ခဲ့ပြီး ဒီ 2017 အကယ်ဒမီပေးပွဲမှာ အကယ်ဒမီဆုကိုလက်ဝယ်ပိုင်ပိုင် ရရှိခဲ့တာပါ ။ သူ အကယ်ဒမီရခဲ့တာမို့ ပရိတ်သတ်တွေ အလွန်ဝမ်းသာပျော်ရွှင်ခဲ့ရပါတယ် ။ ဇာတ်လမ်းတွေ မှာ သရုပ်ဆောင်ရင်း ပရိတ်သတ်တွေ ပါးစပ်ဖျားစွဲစေမယ့် စကားလေးတွေ ချန်ချန်ထားခဲ့တဲ့ ကိုဂျင်းကောင်က ဒီတစ်ခါမှာလည်း စကားတစ်ခွန်းထပ်မံတီထွင်လိုက်ပြန်ပါတယ် ။ အကယ်ဒမီရပြီးတဲ့နောက် ကျေးဇူးတင်စကားပြောရာမှာ ၀မ်းသာပျော်ရွှင် ရင်ခုန်မှုတွေကြောင့် စကားတွေ များများမပြောနိုင်တော့ဘဲ နိဂုံးချုပ်တဲ့နေရာမှာ နိဂျုံးခုတ်တယ် လို့မှားယွင်းပြောဆိုခဲ့တာပါ ။ 

ဒီမှားယွင်းမှုကို ကြားတဲ့ ပရိတ်သတ်တွေကတော့ သဘောကျစွာ ရယ်မောခဲ့ကြပြီး စိတ်လှုပ်ရှားမှုကြောင့်မှားယွင်းတဲ့ နိဂျုံးခုတ်တယ် ဆိုတဲ့ စကားလေးကို ချစ်စရာလေးရယ်လို့ ဆိုနေကြပါတယ် ။ အကယ်ဒမီပွဲပြီးချိန်မှာတောင် ကိုမြင့်မြတ်ရဲ့ စိတ်လှုပ်ရှားမှုနဲ့ ရိုးသားတဲ့ စကားလုံးလေးကြောင့် ပရိတ်သတ်တွေအချစ်တိုးကုန်ကြတော့တာပါပဲ ။ 2017 မှာ မြင့်မြတ်တစ်ယောက်ချစ်ခင်ရတဲ့ ဇနီးသည်နဲ့ အလိုချင်ဆုံး ရင်သွေးသားရတနာလေးရခဲ့တဲ့အပြင် အကယ်ဒမီပါရခဲ့တာမို့ လာဘ်ကောင်းတဲ့ နှစ်လို့ ဆိုရတော့မှာပါပဲ ။ မြင့်မြတ်ကို အားပေးတဲ့ ပရိတ်သတ်တွေရှိလားဗျိုး ?

သတင်းအရင်းမြစ် Myint Myat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။