နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မြင့်မြတ်တစ်ယောက် အကယ်ဒမီရရှိပိုင်ဆိုင်ရတာနဲ့ ပက်သက်ပြီး ဖြစ်ပေါ်တဲ့ ခံစားချက်တစ်ချို့ကို သူ့ရဲ့ Facebook မှာ တင်ထားတာဖြစ်ပါတယ်။ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့တာကြောင့် ပရိတ်သတ်တွေကလည်း မြင့်မြတ် နဲ့ထပ်တူ ဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။ အောင်မြင်တဲ့ မင်းသားတစ်လက်အဖြစ်နဲ့ အနုပညာ လောကမှာ ရပ်တည် နေတာ အချိန်အတိုင်းအတာ တစ်ခုထိကြာမြင့် ခဲ့ပြီပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိလဲ ပရိတ်သတ်တွေ က အပြည့်အဝအားပေးဝန်းရံခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အိမ်ထောင်ပြုခဲ့ပြီး လက်ရှိမှာတော့ ရင်သွေးလေးကိုယ်ဝန်လွယ်ထားရပြီပဲ ဖြစ်ပါတယ်။ နှစ်တိုင်းလိုလို မြင့်မြတ်ကို အကယ်ဒမီ ရစေချင်တဲ့ ပရိတ်သတ်တွေကလည်း အများအပြားပါပဲ။ ဒီနှစ်မှာတော့ ပရိတ်သတ်တွေမျှော်မှန်းထားတဲ့ အကယ်ဒမီရွှေစင် ရုပ်ထုကြီးကို လက်ဝယ်ပိုင်ဆိုင်နိုင် ခဲ့တာမို့ ပရိတ်သတ်တွေကလည်း အပျော်ကြီးပျော်နေကြ ပါတယ်။ စင်ပေါ်မှာကျေးဇူးတင်စကားပြော ရင်း နိဂုံးချုပ်ပါတယ်ဆိုတဲ့စကားကို " နိဂျုံးခုပ် " ဆိုပြီးစကားတွေမှားပြောခဲ့တာကြောင့် ပရိတ်သတ် တွေကလည်း သဘောတကျနဲ့ရယ်မော ခဲ့ကြပါသေးတယ်။

ဒီနေ့မှာတော့ အားလုံးမျှော်မှန်းတဲ့ အကယ်ဒမီဆုကိုရရှိပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီဆုကို ပိုင်ဆိုင်ခွင့် ရတာနဲ့ပက်သက်ပြီး မြင့်မြတ်က သူရဲ့ Facebook မှာ " ကျွန်တော်ပျော်တာထက် ကျွန်တော် ပရိတ်သတ်ပျော်ရင်ဘဲ ကျေနပ်ပါတယ် " ဆိုပြီးရေးထားတာဖြစ်ပါတယ်။ ပရိတ် သတ်တွေကို အလေးထားတဲ့စိတ်ထားလေးကြောင့် ပရိတ်သတ်တွေရဲ့အချစ်တော်လေးဖြစ် နေတာပါပဲ ပရိတ်သတ်ကြီးရေ။

Photo - မြင့်မြတ်'s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။