2017 ခုနှစ်အတွက် အကယ်ဒမီပေးပွဲကြီးကတော့ ပြီးဆုံးသွားခဲ့ပါပြီ ။ အကယ်ဒမီရရှိတဲ့ အနုပညာရှင်တွေဟာလည်း ပရိတ်သတ်အကြိုက်နဲ့ တော်တော်များများထပ်တူကျခဲ့တာမို့ ပျော်ရွှင်မှုတွေနဲဲ့ အောင်မြင်စွာပြီးဆုံးခဲ့တဲ့ ပွဲကြီးလို့လည်း်ပြောလို့ရပါတယ် ။ မြန်မာနိုင်ငံမှာတော့ အကယ်ဒမီပေးပွဲဆိုတာ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို အများဆုံး ဖမ်းစားနိုင်တဲ့ပွဲကြီးပါ ။ 

အဲဒီပွဲမှာမင်းသားမင်းသမီးတွေ အစုံအလင်တက်ရောက်ကြသလို အလှဆုံးဖက်ရှင်တွေ တန်ဖိုးကြီးအဆင်တန်ဆာတွေကို ဆင်ယင်ထားကြတာမို့ အကယ်ဒမီ ဖက်ရှင်တွေဟာလည်း ပရိတ်သတ်အာရုံကို ကောင်းကောင်းကြီးဆွဲဆောင်နိုင်ပါတယ် ။ ဘယ်သူတွေ ဘယ်လို၀တ်လာကြသလဲဆိုတာကို စောင့်ကြည့်နေကြတဲ့ ပရိတ်သတ်တွေ သဘောကျခဲ့ကြတဲ့ ၀တ်စုံလှလှလေးတွေကို ဘယ်သူတွေက ဆင်မြန်းထားသလဲ ဆိုတာအောက်မှာကြည့်ကြရအောင်နော် ။ 

ပရိတ်သတ်တို့ရေ ... ဒီနှစ်အကယ်ဒမီမှာတော့ ဒီအနုပညာရှင်တွေ ၀တ်ဆင်ထားတဲ့ ၀တ်စုံလေးတွေက ပရိတ်သတ်စိတ်ဝင်စားမှုကို အပြည့်အဝရရှိခဲ့ပြီးရေပန်းစားခဲ့ပါတယ် ။ ကောဇောနီပေါ်မှာ ၀ံ့ကြွားလှပခဲ့တဲ့ ဒီဝတ်စုံလေးတွေနဲ့ လှပနေတဲ့ အနုပညာရှင်တွေရဲ့ ၀တ်စုံဒီဇိုင်းတွေက တစ်ယောက်တစ်မျိုးဆီ လှပပြီး ဆန်းသစ်နေတာမို့ ဒီနှစ်အကယ်ဒမီဖက်ရှှင်အဖြစ် အမှတ်ရနေစေတော့မှာပါပဲ ။ ပရိတ်သတ်တို့ရော ဘယ်သူ့ဝတ်စုံကို အကြိုက်ဆုံးလဲ ?

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။