အကယ်ဒမီ ဆုပေးပွဲပြီးသွားပေမယ့် အကယ်ဒမီနဲ့ ပါတ်သတ်တဲ့ ဂယက်တွေကတော့ လူမှုကွန်ယက်မှာ ကျန်ရှိနေဆဲပါ ။ ခုလည်း အကယ်ဒမီ ဂယက်အတွက် အကယ်ဒမီ စင်ရော်မောင်မောင်က ပရိတ်သတ်တွေကို ပြန်လည်ရှင်းပြခဲ့ရပါတယ် ။

ထာဝရ အမေ ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာဆုကို ရရှိခဲ့တဲ့ အကယ်ဒမီ စင်ရော်မောင်မောင်က အကယ်ဒမီများရှင် ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ် ။

သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေဟာ ပရိတ်သတ်တွေ ရင်ထဲစွဲကျန်ခဲ့တဲ့ထိကောင်းမွန်ခဲ့တာပါ ။

ဒီ 2017 အကယ်ဒမီပေးပွဲကြီးမှာတော့ အကယ်ဒမီ စင်ရော်မောင်မောင် နဲ့ အကယ်ဒမီ မင်းသမီး မေသန်းနုနဲ့ ပြန်လည်ပေါင်းစည်းပြီးရိုက်ကူးခဲ့ကြတဲ့ ထာဝရအမေ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ် ။ အကယ်ဒမီဆုရရှိတဲ့ အတွက်ကျေးဇူးတင်စကားပြောတဲ့နေရာမှာ " ကျွန်တော်က ရွာသားပါ " ဆိုတဲ့ စကားတစ်ခွန်းကြောင့် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေ ခံရတဲ့အပေါ် စင်ရော်မောင်မောင်က အောက်ပါအတိုင်းပြောခဲ့့ပါတယ် ။

" ပရိသတ်​ကြီး ခင်​ဗျား

ကျွန်​​တော်​ အကယ်​ဒမီစင်​မြင်​့​ပေါ်မှာ ​ပြောတဲ့စကားက ဟိုး​ရှေး​ခေတ်​က ဒါရိုက်​တာကြီးများက စပြီး ဒီဘက်​​​ခေတ်​ ဒါရိုက်​ကြီးများမှသည်​ မြန်​မာပြည်​မှာပဲ ​နေပြီး ​ခေတ်​​တွေ စနစ်​​တွေ​အောက်​မှာ ကြိုးစားခဲ့ကြတာကို ​ပြောတာပါ ခင်​ဗျား ။ကျွန်​​တော်​လည်​း အဲ့ဒီ ဘဝကို ဖြတ်​သန်​းလာခဲ့သူ တစ်​​ယောက်​ပါ။ဌင်​းအပြင်​ ယ​နေ့ တတ်​လာတဲ့ လူငယ်​ ဒါရိုက်​တာ​တွေကို ကျွန်​​တော်​ ကြိုဆိုခဲ့ပါတယ်​။ထူးပိုင်​​ဇော်​ဦး၊ ဇဏ်ခီတို့ ဇနီး​မောင်​နှံ၊ ​အောင်​မြတ်​၊ ဝင်​းလွင်​ထက်​ အစရှိသည်​ တို့ကို ကျွန်​​တော်​ ကြိုဆိုခဲ့ပါတယ်​။ သို့​သော်​ လွန်​ခဲ့​သော ၁၄နှစ်​ ၁၅ နှစ်​ခန်​့က ဇာတ်​ကားများကို မကြည်​့ခဲ့ရ​သော လူငယ်​များက fb ​ပေါ်မှာ ဝိုင်​းဝန်​း ဆဲဆို ​ရေးသား​နေသည်​့ အတွက်​ အထူး စိတ်​မ​ကောင်​း ဖြစ်​ရပါတယ်​။ ကျွန်​​တော်​ ​ပြောချင်​တာက ဝါရင့်​့တဲ့သူ​တွေကို ကျွန်​​တော်​တို့ အငယ်​​တွေ ​လေးစားခဲ့သလို ကျွန်​​တော်​တို့ ဝါရင်​့တဲ့ လူကြီးဘဝမှာ လူငယ်​​တွေကို လက်​ကမ်​းပြီး တစ်​​ယောက်​နဲ့ တစ်​​ယောက်​ အဖြူ​ရောင်​ ဆက်​ဆံ​ရေးကို ​ပြောတာပါ။ ဒါကို နားလည်​ သ​ဘော​ပေါက်​ ခွင်​့လွှတ်​နိုင်​ပါ​စေ။

ခင်​မင်​​လေးစားလျက်​

စင်​​ရော်​​မောင်​​မောင် " လို့ သူကဆိုခဲ့တာပါ ။

ပရိတ်သတ်တို့ရော ဘယ်လိုမြင်ကြလဲ ?

သတင်းအရင်းမြစ် Zin Yaw Maung Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။