2017 အကယ်ဒမီပေးပွဲက သရုပ်ဆောင်ဆုတွေဟာ ပရိတ်သတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာမို့ အနုပညာရှင်နဲ့ အတူ ပရိတ်သတ်ပါ ၀ုိင်းပျော်ရွှင်ခဲ့ရပေမယ့် အခြား ဆုတွေမှာတော့ အနည်းငယ်သဘောထားကွဲလွဲမှုတွေရှိနေခဲ့ပါတယ် ။ မြန်မာ့ရုပ်ရှင်လောကရဲ့ အပြောင်းအလဲ တစ်ခုမှာ လူငယ်ဒါရိုက်တာတွေရဲ့ လက်ရာကောင်းတွေကို ကြည့်ရှုထားရတဲ့ ပရိတ်သတ်တွေ မှန်းချက်နဲ့ ကွဲလွဲတဲ့ အချို ့ဆုတွေကြောင့် စိတ်မကောင်းတဲ့ စာသားများ လူမှုကွန်ယက်မှာ ပျံနှံလာခဲ့သလို အကယ်ဒမီ စင်ရော်မောင်မောင် ရဲ့ အကယ်ဒမီ ကျေးဇူးတင်စကားမှာပါတဲ့ " ကျွန်တော် ရွာသားပါ " ဆိုတဲ့ တစ်စုံတစ်ခုကို ရည်ညွှန်းတဲ့ စကားတစ်ခွန်းကို ၀ုိင်းပြီး သြဘာပေးကြတဲ့ ရုပ်ရှင်လောကသားတွေကိုလည်း ဝေဖန်မှုတွေ ရှိလာကြပါတယ် ။ 

အကယ်ဒမီစင်ရော်မောင်မောင်ကိုယ်တိုင်က သူဆိုလိုတဲ့ ဆိုလိုရင်းက " ဟိုး​ရှေး​ခေတ်​က ဒါရိုက်​တာကြီးများက စပြီး ဒီဘက်​​​ခေတ်​ ဒါရိုက်​ကြီးများမှသည်​ မြန်​မာပြည်​မှာပဲ ​နေပြီး ​ခေတ်​​တွေ စနစ်​​တွေ​အောက်​မှာ ကြိုးစားခဲ့ကြတာကို ​ပြောတာပါ ခင်​ဗျား ။ " လို့ပြန်လည်ရှင်းပြခဲ့ပြီး လူငယ်ဒါရိုက်တာတွေကို လက်ကမ်းကြိုပါတယ် လို့ ဆိုခဲ့ပေမယ့် ပရိတ်သတ်တွေကတော့ ဆက်လက်ဝေဖန်နေခဲ့ကြတာဖြစ်ပါတယ် ။ အကယ်ဒမီပေးပွဲကို တက်ရောက်ခဲ့တဲ့ ဒီဇိုင်းနာပြည်စိုးအောင်ကလည်း သူကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်ကို အောက်ပါအတိုင်းဖွင့်ဟပြောကြားထားပါတယ် ။ 

" ဟိုလူကြီးကို ချစ်ပါတယ်....

ဒါပေမယ့် သူက

အန်တီဂရေ့စ်တို့ကို သွေးမခွဲနဲ့ဆိုပြီး

စင်ပေါ်ကနေ ဒဲ့ဖဲ့သွားတယ်။

အစပထမ ဇစ်မြစ်က

ခီလင်မယားကို သူတို့လူတွေဖက်ကပဲ အရင်စပြီး

စိတ်တွေပုပ်ကြတာ ဟုတ်ဖူးလား။

အာ့ကြောင့်ဟိုကကြံုတုန်း

ရွာသားတွေဆိုပြီး သာသာနဲ့ နာနာ နှက်ချလိုက်တာလေ။

ဒါကို

တစ်ရုံလုံးနီးပါး သဘောတွေကျကြတာကို

စိတ်တွေပျက်လိုက်တာဆိုတာ။

အာ့နဲ့ပဲ

စိတ်ပျက် လက်ပျက်နဲ့ စင်နောက်ဖက်ဝင်ပြီး

ဓာတ်ပုံရိုက်ချပလိုက်တော့

ခုလိုလေး လှနေရော " လို့ သူက ဆိုခဲ့တာပဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် Pyae Soe Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။