ဝါရင့်မင်းသမီးချော ပန်ပန်ကတော့ စိတ်ထားလှကာ အမကြီးပီသတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။

သူကတော့ ဇာတ်လမ်းတွဲတစ်ခုကိုရိုက်နေရတာကြောင့် အကယ်ဒမီပွဲတက်ဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ကားရိုက်ကရက်အနည်းငယ်စောကာ ပြီးစီးခဲ့ပီး သူမကိုယ်တိုင်ကလည်း အကယ်ဒမီရမယ့်သူတွေကို အားပေးချင်တာကြောင့် အနားနီးမှ တက်ရောက်ဖို့အတွက် အသည်းအသန်စီစဉ်ခဲ့ရတာပါလို့ ဆိုပါတယ်။

မိသားစုလိုက်တက်ရောက်ဂုဏ်ပြုပေးချင်တာမို့ ၃ဦးစလုံးအတွက် အဆင်ပြေသလိုလေးပဲဝတ်ကာ တက်ရောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း သူမတို့မိသားစုလေးရဲ့ အပြင်အဆင်လေးကတော့ ရိုးရှင်းစွာနဲ့ ကြည့်ကောင်းနေသလို လိုက်ဖက်တဲ့အပြင်အဆင်တွေကြောင့် ထင်ပေါ်နေခဲ့ပါတယ်။

ပရိသတ်အချစ်တော် မင်းသမီးပန်အန်ရဲ့ ပွဲတက်ဖက်ရှင်ပုံရိပ်တွေကို စုစည်း ပေးလိုက်ပါတယ်နော် ။

Source - Supan Htwar FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။